[Zawgyi]
အပိုင်း{၃}
ပုပ်စော်နံနေတဲ့ အိမ်သာထဲမှာ တစ်နာရီကြာအပိတ်ခံလိုက်ရပြီး...နောက်ဆုံးမှာ တစ်စုံတစ်ယောက်က သူ့ကို တံခါးလာဖွင့်ပေးလေရဲ့။ဒီတစ်ခါမှာတော့ ပိုင်ရှင်းယွီတစ်ယောက် ကျိုးကျိုးနွံ့နွံ့ဖြစ်သွားပြီး သူ့ထိုင်ခုံကို သူတိတ်တိတ်လေးပြန်လာခဲ့တယ်။သူ့ကို အိမ်သာထဲ ထည့်ပိတ်ခဲ့တဲ့ အဲ့အရူးကောင်ကို နှုတ်ကနေ အသံတိတ်ကျိန်ဆဲနေမိတယ်။ချန်းလျန်က သူ့ကို တို့ကာ စိုးရိမ်စွာ မေးတယ်။
"ဟေ့...မင်း အဆင်ပြေရဲ့လား?"
ပိုင်ရှင်းယွီ ခေါင်းခါပြလိုက်တယ်။အခုချိန်မှာ သူနဲ့ မျက်နှာချင်းမဆုံရဲ။ရထားတွဲပေါ်က လူတွေအားလုံး သူ့ကိုရယ်နေကြတုန်းလို့ ခံစားနေရတယ်။ချန်းလျန်က ပြောလာတယ်။
"မင်းကတော့ ကြံကြံဖန်ဖန်ကွာ...သူ့ကိုမှရန်သွားစရတယ်လို့"
အခုလေးတင် ငိုထားတာမို့ ပိုင်ရှင်းယွီမှာ အသံသေချာမထွက်နိုင်သေး။နှာသံလေးနဲ့ ပြောလာတဲ့သူ့စကားသံဟာ အလွန်ဒေါသထွက်နေသယောင်။
"သူက ဘာဖြစ်လို့လဲ?"
"အဲ့လူရဲ့ မိသားစုနောက်ခံက တော်တော်အင်အားတောင့်တယ်လို့ ကြားတယ်...စစ်တက္ကသိုလ်တက်ခွင့်ရတာကိုတောင် မတက်ဘဲ တမင်သက်သက် ကွန်းလန်းတောင်ဘက်မှာ စစ်မှုထမ်းဖို့ လာခဲ့တာတဲ့လေ...မင်းရော သူဘာလို့အဲ့လိုလုပ်တယ်လို့ထင်လဲ?"
ပိုင်ရှင်းယွီက အံကြိတ်ရင်း...
"ခေါင်းမကောင်းလို့ လုပ်တာနေမှာပေါ့"
ခေါင်းမကောင်းလို့သာ ဒီလိုလုပ်တာပေါ့။စိတ်သာမှန်ရင် သူက ဒီလိုဆိုးဝါးလှတဲ့ လမ်းကို ရွေးပါ့မလား?
နောက်တစ်နေ့ကျ...သူတို့ရဲ့ရထားခရီးပြီးဆုံးသွားခဲ့တယ်။အဲ့ဒါလဲပြီးရော စစ်တပ်ကုန်တင်ကားကြီးတွေကို ပြောင်းစီးရတယ်။အခုဆို သူတို့ဟာ ကွန်းလန်းတောင်တန်းတွေဆီကိုတောင် ရောက်နေကြပြီ။နွေရာသီဖြစ်ပေမယ့်လဲ အပူချိန်လျော့ကျနေလျက်ရှိကာ အေးစိမ့်ပြီး ရာသီဥတုမှာလဲ ခြောက်သွေ့လှတယ်။ပိုင်ရှင်းယွီအတွက်တော့ အသက်တစ်ခါရှူရတာတောင် အားတော်တော်စိုက်ထုတ်သုံးနေရသလိုပဲ။(=အသက်ရှူဖို့တောင် အားမရှိ)သူ့ရဲ့ အမြင့်ကြောက်ရောဂါဟာ မနေ့ကလောက် မဆိုးဝါးတော့ပေမယ့် နေရထိုင်ရတာကတော့ ခုထိ အဆင်မပြေနိုင်သေး။ကားပေါ်က 'သူ့ထက်လူကောင်ထွားတဲ့ လူအတော်များများ'ဆို အန်လိုက်၊ဝမ်းလျှောလိုက်နဲ့။သူတို့နဲ့နှိုင်းယှဉ်လိုက်ရင်တော့ သူဟာအနည်းငယ် ပိုကံကောင်းတယ်လို့ ယူဆလို့ရတယ်။
YOU ARE READING
My Little Poplar - 小白杨 (Myanmar Translation)
RandomMy Little Poplar Original Title - 小白杨 Author - Shui Qian Cheng (水千丞) Category - Drama,Yaoi,Mature Status - Completed with 115 chapters + 4 extras English Translator - AlexPT(BlackBoxTL) Translation Status - Ongoing(10/115) I don't own this storyline...