《12》၇ ကီလိုမီတာ ပြေးရခြင်း/၇ ကီလိုမီတာ ပြေးရခြင်း

1.6K 339 13
                                    

[Zawgyi]

အပိုင်း{၁၂}

တ​နေ့လုံးရဲ့ ပင်ပန်းမှုဒဏ်​တွေ​ကြောင့် ဒီညမှာ​တော့ ပိုင်ရှင်းယွီ အလျင်အမြန်အိပ်​ပျော်သွားခဲ့တယ်။ ဒါ​ပေမယ့် မနက်မှာ အသံကျယ်ကျယ်နဲ့ မြည်လာတဲ့ alarm သံ​ကြောင့် ပိုင်ရှင်းယွီမှာ ဘယ်​လောက်မှ​တောင် မအိပ်လိုက်ရသလို ခံစားလိုက်ရတယ်။ alarm ရဲ့ အသံကလည်း volume ကို အမြှင့်ဆုံးတင်ထားတာမို့ အခန်းတစ်ခုလုံးကို စူးခနဲ...။ ပိတ်မယ့်သူလည်း မရှိတော့ ဆက်တိုက်ကို မြည်​နေ​လေရဲ့။ ပိုင်ရှင်းယွီမှာ အိပ်ချင်လွန်းလို့ မျက်လုံးပင်မဖွင့်နိုင်​သေး...။ စောင်​ထဲမှာ နွေးထွေးလှတာမို့ သူ တစ်စက်​လေးမှ မလှုပ်ချင်​သေးဘူး။ အဲ့ဒါနဲ့ ဒီဆူညံသံကို မကြားရဖို့ သူ့နားရွက်​တွေကို သူ လက်နှစ်ဖက်နဲ့ ကာပိတ်လိုက်ပြီး စောင်ပုံထဲ ပြန်​ကွေး​နေလိုက်တယ်။

အခန်းထဲက လူတစ်​ယောက်က အိပ်ချင်မူးတူးနဲ့ ထ​ဆဲ​တော့တယ်။

“အဲ့ဒါဘယ်သူ့ဖုန်းသံလဲ?!"

အဲ့အသံကို ကြားလိုက်ရပြီးတာနဲ့ ပိုင်ရှင်းယွီမှာ အကန်ခံလိုက်ရ​လေရဲ့။

အဲ့ဘက်က ကန်လိုက်တာဆို​တော့ ဒါ​ သေချာ​ပေါက် ယွီဖုန်းချန်းပဲ!

ပိုင်ရှင်းယွီ စိတ်ဆိုးဆိုးနဲ့ သူ့ကိုယ်​ပေါ်က စောင်ကို ဆွဲခွာလိုက်ပြီး ဗီရို​လေး​ပေါ်က သူ့ဖုန်းကို လှမ်းယူလိုက်တယ်။ နောက်​တော့ alarm ကို ပိတ်လိုက်ရင်း သူ စိတ်ထဲ​တွေးလိုက်တယ်။

နောက် ၅ မိနစ်​လေးပါပဲ...နောက် ၅ မိနစ်​လေးပဲ ခဏပြန်အိပ်မယ်...

သူ့အ​ပေါ်ထပ် ကုတင်က ဖုန်းသုန့်ယွမ်က သူ့ကို အသံခပ်တိုးတိုးနဲ့ ပြောတယ်။

“ရှင်းယွီ...ရှင်းယွီ! ထ​တော့”
 
ပိုင်ရှင်းယွီက​တော့ ထချင်စိတ်ကို မရှိ​သေးတာမို့ တအီအီနဲ့ညည်းညူလိုက်ပြီး ကုတင်​ပေါ် ပြန်လှိမ့်လိုက်တယ်။

အဲ့အချိန်မှာပဲ သူ့​ခြေသလုံးကို ထပ်ကန်လာတဲ့ တစ်စုံတစ်​ယောက်ရဲ့ကန်ချက်တစ်ခု...။  ဒီတစ်ခါကန်ချက်က​ ခုနက ကန်ချက်ထက် ပိုပြင်းတယ်။

My Little Poplar - 小白杨 (Myanmar Translation)Where stories live. Discover now