《14》

1.6K 98 13
                                    

[Zawgyi]

အပိုင်း{၁၄}

ဖုန်းလိုင်းပြတ်သွားသံကို ကြားလိုက်ရမှသာ သူ့အစ်ကိုက ဖုန်းချသွားမှန်း ပိုင်ရှင်းယွီ သိတော့တယ်။ သူ့ကို နောက်ဆုံးပြောသွားခဲ့တဲ့ စကားကလည်း စစ်ထဲမှာပဲ အရိုးဆွေးသွားတဲ့အထိ နေသွားလိုက်တော့ တဲ့လေ။ သူ ထိုင်ကာ အော်ဟစ်ငိုပစ်လိုက်ချင်ပေမယ့် သူ့စိတ်ကို သူ တင်းထားမိတယ်။

တကယ်တော့ သူ့အစ်ကိုအကြောင်းကို သူ သိပြီးသားမို့ အရမ်းအရမ်းကြီး မမျှော်လင့်ခဲ့မိတာတော့ အမှန်။ သူ့အစ်ကိုဆိုတာ အရမ်းကို ပြတ်သားတဲ့ လူမျိုးလေ။ ရက်စက်မယ်လို့ ဆုံးဖြတ်ထားရင် အဆုံးထိ ရက်စက်သွားမယ့် လူမျိုး...။ သူ့ညီကိစ္စပဲဖြစ်နေပါစေ မလုပ်ဘူးဆို လုံးဝမလုပ်မယ့် လူမျိုး...။ အခု ပြောဆိုသွားတဲ့ သူ့အစ်ကိုရဲ့ လေသံမျိုးကို ပိုင်ရှင်းယွီ လူချင်းဆုံရင်းသာ ကြားလိုက်ရရင် သူ့အစ်ကိုရဲ့ရှေ့မှာတင် သူ့ ဒူးတွေ ပျော့ခွေကျသွားလိမ့်မယ်ထင်တယ်။

ရုံးခန်းထဲမှာ အလုပ်လုပ်နေတဲ့ စစ်သားက ပိုင်ရှင်းယွီကို ရူးများရူးသွားသလား ဆိုတဲ့ အကြည့်တွေနဲ့ ကြည့်နေတယ်။

"ရဲဘော်...မင်း အဆင်ပြေရဲ့လား?"

ပိုင်ရှင်းယွီက သူ့ရဲ့မျက်ရည်စလေးတွေကို သုတ်လိုက်ပြီး နှပ်ချေးတွဲလဲလေးနဲ့ ပြန်ဖြေတယ်။

"အဆင်ပြေတဲ့ ပုံပေါက်နေလို့လား?"

"ဟုတ်ပါပြီ ဟုတ်ပါပြီ...အဲ့ဒါဆို ဆက်ငိုနေနော်...ငါတော့ ဆေးလိပ်သွားသောက်လိုက်ဦးမယ်"

ဒီကောင်လေးရဲ့ အော်ဟစ်ငိုယိုသံတွေကို သည်းညည်းမခံနိုင်တော့တဲ့ စစ်သားလေးကတော့ အလျင်အမြန် ထကာ ထွက်သွားလေရဲ့။

တယ်လီဖုန်းလက်ကိုင်လေးကို ကိုင်ထားတုန်း ပိုင်ရှင်းယွီရဲ့ အတွေးထဲ သူ့အိမ်ရဲ့ ဖုန်းနံပါတ်လေးက ရိပ်ခနဲ ပေါ်လာတယ်။ ဒါပေမယ့် သူ့လက်ချောင်းတွေက သံချေးတက်နေသလို တုန်ချိတုန်ချိဖြစ်နေခဲ့တယ်။ နံပါတ်တွေကို နှိပ်လိုက်ဖို့ သူ ကြိုးစားခဲ့ပေမယ့် သူ မနှိပ်နိုင်ခဲ့။ သူ့အမေရဲ့ အသံကိုသာ သူ ကြားလိုက်ရရင် ခံနိုင်ရည်မရှိတော့မှာ  အသေအချာပင်...။ သူ ခံနိုင်ရည်မရှိတော့ရင်ရော ဘာထူးသွားမှာမို့လို့လဲ? အစတည်းက သူ့မိဘတွေက စိတ်ပိုင်းဖြတ်ပြီး သူ့ကို ဒီကို မရမက လွှတ်ခဲ့ကြတာလေ။ လုံးဝ သူ့ကို ပြန်လာခွင့်ပြုကြမှာ မဟုတ်ဘူး။ သူတို့ဆီကိုသာ သူ ဖုန်းဆက်ဖြစ်ခဲ့ရင် ဒီည အိပ်ပျော်တော့မှာ မဟုတ်ဘူး။

You've reached the end of published parts.

⏰ Last updated: Jan 13, 2022 ⏰

Add this story to your Library to get notified about new parts!

My Little Poplar - 小白杨 (Myanmar Translation)Where stories live. Discover now