《4.1》

3.7K 842 135
                                    

[Zawgyi]

အပိုင်း{၄}

နည်းပြတွေရှိရာ ရုံးခန်းထဲကို သူ ကမန်းကတန်းပြေးဝင်လာခဲ့တယ်။ရထားပေါ်မှာ အောက်စီဂျင်တောင်းခဲ့တဲ့ကိစ္စနဲ့ အိမ်သာထဲအပိတ်ခံခဲ့ရတဲ့ကိစ္စတွေကြောင့် နည်းပြတွေ သူ့အပေါ် သိပ်မကြည်ဖြစ်နေမယ်ဆိုတာကို သိပေမယ့် အခုချိန်မှာတော့ အဲ့အကြောင်းတွေကို ဂရုမစိုက်နိုင်သေး။အရှက်တရားကင်းမဲ့စွာနဲ့ပဲ သူအော်ပြောလိုက်တယ်။

"နည်းပြ! ကျေးဇူးပြုပြီး ကျွန်တော့်ကို အခန်းပြောင်းပေးပါ"

ထိုအခါ ဝမ်ရွှန်းဝေက မျက်မှောင်ကြုတ်သွားတယ်။

"ဘာကို ဆိုလိုချင်တာလဲ?"

ပိုင်ရှင်းယွီတစ်ယောက်...သူ့မျက်ရည်တွေကို သူသုတ်လိုက်ရင်း...

"ကျေးဇူးပြုပြီး ကျွန်တော့်ကို အခြားအခန်းပြောင်းပေးပါ!"

ထိုစကားကိုလဲ ကြားရော၊ဝမ်ရွှန်းဝေဟာ မှင်သေသေမျက်နှာထားကြီးဖြစ်သွားတယ်။

"နေရာထိုင်ခင်းကိစ္စတွေက ရဲဘော်သစ်တွေအတွက် အခက်အခဲနည်းနည်းတော့ရှိတတ်ပါတယ်...ဒါပေမယ့် တဖြေးဖြေးနဲ့ ကျော်လွှားနိုင်ကြမှာပါ...လေ့ကျင့်ရေးကာလပြီးသွားရင် ပိုကောင်းတဲ့နေရာကို ပြောင်းရမှာပါ...မင်း အရင်က သက်သောင့်သက်သာဘဝလေးမှာပဲ နေထိုင်ခဲ့ရတယ်ဆိုတာကို ငါသိပါတယ်...ဒါပေမယ့် အခုစစ်တပ်ထဲမှာတော့ လူတိုင်းက တဖွဲ့တည်းသားတွေ၊တမိုးအောက်မှာ ရှိနေကြတဲ့ သူတွေချည်းပဲလေ...အဲ့တော့ လူတိုင်းလူတိုင်းကို တန်းတူပဲ ဆက်ဆံရလိမ့်မယ်...ဘယ်သူ့ကိုမှ အထူးအလေးပေးဆက်ဆံမှာ မဟုတ်ဘူး...အဲ့တော့ ငါ့မှာ မင်းကို အခန်းပြောင်းပေးစရာအကြောင်းမရှိဘူး"

"နည်းပြ, ကျွန်တော် အနူးအညွတ်တောင်းဆိုပါတယ်, ကျွန်တော့်ကို အခန်းပြောင်းပေးပါနော်...အခန်းအခြေအနေကြောင့် ပြောနေတာမဟုတ်ရပါဘူး...မဟုတ်သေးဘူး...အခန်းအခြေအနေက တော်တော်ဆိုးနေလို့ပါ... ဒါပေမယ့် အဓိကအကြောင်းပြချက်က အဲ့ဒါလဲ မဟုတ်ဘူး........."

ဝမ်ရွှန်းဝေက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ရင်း...

"မင်း ဘာဖြစ်နေတာလဲ,ရဲဘော်လေး?ငါ တပ်ကို နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့ဖူးတယ် ဒါပေမယ့် ဘယ်ရဲဘော်ဆီကမှ ဒီလို အခန်းပြောင်းချင်တယ်ဆိုတဲ့ လေသံကို မကြားခဲ့ဖူးဘူး"

My Little Poplar - 小白杨 (Myanmar Translation)Where stories live. Discover now