《5.1》

3.9K 806 55
                                    

[Zawgyi]

အပိုင်း{၅}

ထုတ်အပိုးတွေကို ဖြည်လို့ပြီးသွားတော့...ကောင်းကင်ကြီးက မှောင်တောင်မှောင်နေပြီ။အခန်းထဲက လူအများစုဟာ ကန်တင်းသွားဖို့ပဲ တတွတ်တွတ် ပြောဆိုနေကြကာ ဆူညံနေလေရဲ့။

ပိုင်ရှင်းယွီကတော့ အရမ်းကိုအိပ်ချင်နေမိတယ်။အဲ့ ၁.၂ မီတာရှိတဲ့ သစ်သားကုတင်ကြီးဟာ လွန်ခဲ့တဲ့ သုံးရက်လောက်ထဲက သေချာ မလဲအိပ်နိုင်ခဲ့သေးတဲ့ သူ့ကို ညှို့ယူဖြားယောင်းနေသလိုပါပဲ။အဲ့တာကြောင့် ညစာတောင် သွားထမစားချင်တော့ဘဲ ဒီတိုင်းသာ ချက်ချင်း လဲအိပ်လိုက်ချင်နေမိတယ်။

အခန်းထဲက လူတွေအားလုံးထွက်သွားကြတော့မှ...ကုတင်ပေါ်ကို သူ အလျင်အမြန်လဲချလိုက်တယ်။

ကုတင်ပေါ် လဲအိပ်လိုက်တဲ့ အခိုက်အတန့်...သူ့နောက်ကျောဘက်က လိမ့်တက်လာတဲ့ ကိုက်ခဲမှုဝေဒနာတွေကြောင့် သူ့မှာ ဖြောင့်ဖြောင့်တောင် လဲအိပ်လို့မရနိုင်ခဲ့။ဘေးတစောင်း,လဲအိပ်လိုက်ရုံမှအပ မတတ်နိုင်...။နောက်ဆုံးမှာတော့ ချည့်နဲ့ချည့်နဲ့,နဲ့ပဲ အိပ်ပျော်သွားခဲ့တယ်။

အတန်ကြာပြီးတဲ့နောက်မှာတော့...စစ်သားတွေ အိပ်ဆောင်ကို ပြန်ရောက်လာကြပြီး မီးတွေကို ပြန်ဖွင့်လိုက်တယ်။ပိုင်ရှင်းယွီ စိတ်ပျက်လက်ပျက်နဲ့ ညည်းညူလိုက်မိတယ်။ဆက်အိပ်ချင်နေသေးတာနဲ့...စောင်ကို ခေါင်းမူးခြုံလိုက်ကာ အခြားတစ်ဖက်ကို စောင်းလှည့်လိုက်တယ်။

ထို့နောက်က ချန်းလျန်က သူ့ရဲ့စောင်ကို ဖွဖွလေးလာပုတ်ကာ...

"ဟေး...မင်း မသွားတော့ဘူးလား?"

ပိုင်ရှင်းယွီက ဗလုံးဗထွေးပြန်ပြောတယ်။

"မသွားတော့ဘူး...အိပ်ချင်လို့"

အဲ့အချိန်မှာပဲ စစ်သားတစ်ယောက်ရဲ့ 'ရှန်းသုန်'လေယူလေသိမ်းနဲ့ပြောနေတဲ့ စကားသံတစ်သံက ရွှင်ပျစွာ ထွက်ပေါ်လာလေရဲ့။

"ကန်တင်းက အဲ့ပေါက်စီကြီးကလေ တကယ်တော်တော်အရသာရှိတယ်ကွ...ငါဆို တစ်ခါထဲနဲ့ ငါးလုံးလောက် ကြိတ်ပစ်လိုက်တာ"

My Little Poplar - 小白杨 (Myanmar Translation)Where stories live. Discover now