(34)

755 153 17
                                    

(Unicode)


ကားထဲမှာအိပ်ပျော်သွားခဲ့တာမို့ နိုးထလာရတဲ့မနက်ခင်းဟာ သက်တောင့်သက်သာမရှိလှ။နည်းနည်းနာချင်သလိုဖြစ်နေတဲ့လည်ပင်းကို ဟိုဘက်သည်ဘက်ချိုးလိုက်ပြီးတဲ့နောက်မှာ သူ ကားမှန်ကိုချလိုက်ပြီး အပြင်ကိုစူးစမ်းကြည့်လိုက်တယ်။အလုပ်သွားတဲ့သူတစ်ချို့တစ်ဝက်ကြောင့် လမ်းခလေးဟာ စည်ကားနေသယောင်ယောင်။

မျက်လုံးကိုလက်နဲ့အသာပွတ်လိုက်ရင်း ခပ်လှမ်းလှမ်းက လေးထပ်အဆောက်အဦးကို သူငေးမောကြည့်လိုက်တယ်။hyungက ဘယ်အထပ်မှာနေတာလဲဆိုတာတော့ သူမသိပေမယ့် ဒီအဆောက်အဦးမှာ နေတယ်ဆိုတာကိုသိရယုံနဲ့တင် သူကျေနပ်လှပြီ။အနည်းဆုံးတော့ ဘာမှမသိတာထပ်စာရင် ‌တော်သေး‌တာပေါ့။

ခပ်ဆွေးဆွေး‌ထိုင်နေရင်းကနေ အဆောက်အဉီးထဲကနေထွက်လာတဲ့ ဂျင်းဝူhyungကြောင့် ကျွန်တော်အမြန်ပဲ ထိုင်ခုံကိုလှန်ချလိုက်ပြီး ပက်လက်လှန်လိုက်တယ်။
လက်တစ်ဖက်ကလည်း ကားမှန်ကိုပြန်တင်ဖို့ ခလုတ်ကိုအဆက်မပြတ်နှိပ်ရင်းနဲ့ပေါ့

အလုပ်သွားဖို့ကဗျာကယာထွက်လာပုံရတဲ့ဂျင်းဝူhyungဟာ ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ပဲ ကားဂိတ်ကိုတန်းနေအောင်ပြေးသွားတာကို ကားမှန်ထဲကနေမြင်လိုက်ရတော့မှ ကျွန်တော် သက်ပျင်းချပြီး ပုံမှန်အနေအထားအတိုင်း ပြန်ထိုင်လိုက်တယ်။

အခုတလော ကျွန်တော်ဖြတ်သန်းနေရတဲ့နေ့ရက်တွေက ခြောက်ကပ်ကပ်နဲ့ ဘာအဓိပ္ပာယ်မှမရှိတော့သလိုပါပဲ။ကားစတီယာတိုင်ပေါ် ခေါင်းမှီထားချိန် ဖုန်းထဲကိုမက်ဆေ့ဝင်လာတဲ့သံကြောင့် အင်္ကျီအိတ်ကပ်ထဲက ဖုန်းကို သူ ပျင်းရိစွာထုတ်လိုက်တယ်။

*ပြီးပြီ*

တိုတုတ်တုတ်မက်ဆေ့တစ်ခုနဲ့အတူ hyungရဲ့ကင်မရာအဟောင်းလေးရဲ့ဓာတ်ပုံကိုပါ Baekhyunက ပို့လာခဲ့တာဖြစ်သည်။ကျွန်တော် တစ်ချက်ပြုံးလိုက်ပြီးနောက် ဟန်မပျက်စေဖို့ ဘုကလန့်စာတစ်စောင်ကို ပြန်ရိုက်ပို့လိုက်တယ်

*ဘယ်ကအစုတ်ကြီးလဲ*

*မင်းဖင်ထဲက*

Baekhyunရဲ့စာကိုဖတ်ရင်း ဒေါပွနေမယ့်သူ့မျက်နှာကိုပါ တွဲမြင်ယောင်လာတော့ ကျွန်တော်ခွီးခနဲရီချလိုက်ပြီး ဖုန်းကို အိတ်ကပ်ထဲပြန်ထည့်လိုက်တယ်။နောက်တစ်ကြိမ် အဆောက်အဦးရှိရာကို အသံတိတ်ငေးကြည့်ပြီးတဲ့နောက်မှာ ကျွန်တော်ကားစက်နိုးရင်း ထိုရပ်ကွက်လေးထဲကနေ မောင်းထွက်လာလိုက်တယ်။

Heartbeat Of The Blue Sea(Z+U)Where stories live. Discover now