(5)

1.1K 205 9
                                    

(Zawgyi)











"အာရှီးးး ဒီပင့်ကူတွေကတော့ တကယ်ပဲ။ငါ‌မင်းတို့ကို ဘာလို့အဲ့လောက်တောင်မုန်းနေလဲသိလား မင်းတို့ အဲ့ဒီ မွစိမွစိ ခြေထောက်တွေအများကြီးနဲ့လျှောက်သွားနေတာ အားးးတကယ်ပဲ ဒီကောင်တွေ"

သစ်သားအိမ်လေးတစ်ခုမှာ အခန်းတွေက အသံမလုံတာမို့ စကားသံတွေက နားမထောင်လည်း ကျွန်တော့်နားထဲ သူ့အလိုလိုဝင်လာနေတယ်။အဲ့ဒီအသံ အဲ့ဒီစကား.....

လက်ထဲကစာအုပ်ကို အရှေ့ကစာကြည့်စားပွဲပေါ် ပစ်တင်လိုက်ရင်း ကျွန်တော်ထိုင်ရာကနေ အမြန်ထမိတယ်။အသံလာရာ မျက်နှာချင်းဆိုင်အခန်းရှေ့ ဝရုန်းသုန်းကားပြေးသွားရင်း အခန်းတံခါးကို ဒုန်းခနဲမြည်အောင် ကျွန်တော်ဖွင့်ပစ်လိုက်တယ်။

လက်ထဲမှာ ကြက်တောင်မွှေး တစ်ချောင်းကိုင်ထားရင်း အလန့်တကြားနဲ့ တံခါးဆီလှည့်ကြည့်လာတဲ့ သူက ကျွန်တော့်မျက်နှာကိုမြင်မှ  အသက်ပျင်းပျင်းရှုထုတ်ရင်း စိတ်လျော့ချလိုက်တဲ့ပုံ။

"ဘာဖြစ်လို့လဲhyung~"

ကျွန်တော့်ဆီကို သူလျှောက်လာရင်း မေးပေမယ့် ကျွန်တော် ဘာတစ်ခွန်းမြှပန်မပြောပဲ သူ့မျက်နှာကိုပဲ သေချာစိုက်ကြည့်နေမိတယ်။အကယ်၍ Min Sehun..သူသာ အသက်ရှင်နေသေးရင် ဘယ်လိုမျက်နှာမျိုးများဖြစ်နေမလဲ။

သေချာတာတစ်ခုကတော့ အခု ကျွန်တော့်ရှေ့ကOh Sehunမှာ Min Sehunရဲ့ အငွေ့အသက်တွေအများကြီး ရှိနေတယ်။အပြုအမူတွေ.. ရံဖန်ရံခါ မထင်မှတ်ပဲပြောတတ်တဲ့ စကားတွေ။ပြီးတော့ အကြည့်တွေ...

"hyung"

ကျွန်တော့်ပုခုံးပေါ် လက်တင်ရင်း သူခပ်သာသာလှုပ်ရမ်းလိုက်တဲ့အခါမှ ကျွန်တော် အမြန်မျက်တောင်တွေ တဖျတ်ဖျတ်ခပ်ရင်း စိတ်ကိုလျော့ချပစ်လိုက်တယ်။

တော်ပြီKim Jongin~သူက သေသွားပြီ။

"hyung~အဆင်ပြေရဲ့လား"

"အာ~ပြေတယ်။ငါ ဒီအတိုင်း မင်းအဆင်မပြေတာတစ်ခုခုတွေ့လို့လားလို့ လာမေးကြည့်တာ"

ပါးစပ်ထဲတွေ့ရာ လျှောက်ပြောလိုက်ရင်း စောစောက
ဖြစ်သွားတဲ့ ဗရမ်းဗဒါအခြေအနေကို  ကျွန်တော် ဖုံးကွယ်ပစ်လိုက်တယ်။သူက လက်ထဲက ကြက်တောင်မွှေးကို ဂုတ်ပေါ်တင်ကိုင်လိုက်ရင်းစိတ်ညစ်ညူးနေတဲ့ပုံစံနဲ့

Heartbeat Of The Blue Sea(Z+U)Where stories live. Discover now