(Unicode)
ကားအပြင်ဘက်က တဖျတ်ဖျတ်ကျန်ခဲ့တဲ့မြင်ကွင်းတွေကို တမေ့တမောငေးကြည့်နေဆဲမှာပဲ ရုတ်ချည်းလေးလံသွားတဲ့ပုခုံးတစ်ဖက်။Sehunဟာ ကြောင်တစ်ကောင်လို ကျွန်တော့်ပုခုံးကိုနဖူးနဲ့ပွတ်သပ်နေပြီး မျက်လုံးကိုလဲ ခပ်တင်းတင်းမှိတ်ထားတယ်။
"ဘာဖြစ်တာလဲ"
ကျွန်တော့်ကို သူမျက်လုံးလှန်ကြည့်လာတဲ့အခါ သူ့မျက်ဝန်းအိမ်ထဲမှာ မသက်မသာဖြစ်မှုတွေကိုတွေ့ရပြန်တယ်။ချွေးစေးတွေထွက်နေတဲ့နဖူးပြင်နဲ့ အေးစက်စက်လက်တစ်စုံအထိ။ကြည့်ရတာ သူ အရမ်းစိတ်လှုပ်ရှားနေတဲ့ပုံပဲ....
"hy~hyung...ကျွန်တော် ကျွန်တော်ဝတ်ထားတာအဆင်ပြေရဲ့လား"
အထစ်ထစ်အငေါ့ငေါ့မေးရင်း ထိုကောင်လေးဟာ ကျွန်တော့်လက်တွေကိုဖြစ်ညစ်လာတယ်။ကျွန်တော်ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်တယ်။
"ကြည့်ကောင်းတယ်"
Sehunဟာ သက်ပျင်းသဲ့သဲ့ချလိုက်ပြီး ခပ်ရေးရေးပြုံးလာပေမယ့် မျက်ဝန်းထဲမှာတော့ စိတ်လှုပ်ရှားမှုတွေက ဖုံးမရဖိမရ။ဘယ်လောက်မှ မကြာလိုက် နောက်ထပ်တစ်ကြိမ် သူကျွန်တော့်ကို ထပ်မေးလာပြန်တယ်။
"hyung...ကျွန်တော့်အင်္ကျီ တကယ်အဆင်ပြေရဲ့လား..ဆံ ဆံပင်ရော"
ကားစထွက်တာ တစ်နာရီပင်မရှိသေးပေမယ့် ဒါနဲ့ဆို သူမေးနေတာ၈ခေါက်ရှိနေပြီမို့ မနေနိုင်တဲ့ဂျင်းဝူhyungကပဲ အနောက်ခုံကနေ ကျွန်တော်တို့ခုံဆီကို ခေါင်းကျွံလာကာ လုံးဝစိတ်မရှည်တဲ့အသံနဲ့ ပြောလာတယ်။
"ခဏခဏမေးနေ!!!မင်း မင်းအမေနဲ့တွေ့မှာလား ဒါမှမဟုတ် အိမ်ထောင်ဖက်သွားတွေ့မှာလား"
အိမ်ထောင်ဖက်ဆိုတဲ့စကားကိုကြားလိုက်ရတဲ့အချိန် ဟိုတစ်ခေါက် ကိစ္စကိုပြန်တွေးမိပြီး ကျွန်တော်မကြည်မလင်ဖြစ်သွားရသလို Sehunကိုယ်တိုင်လည်း ထိုကိစ္စကိုပြန်တွေးမိသွားပုံပေါက်ပြီး ဂျင်းဝူhyungကို မျက်ရိပ်မျက်ကဲပြကာ အနောက်ခုံဆီ ပြန်တွန်းထုတ်လိုက်တယ်။
"မင်းတို့ ငါ့ပဲတွန်းနေလိုက်ကြ"
စိတ်ကောက်သွားတဲ့ လေသံအသွားအလာနဲ့အတူ ဂျင်းဝူhyungဟာ လက်ပိုက်လျက် ကားအပြင်ဘက်ကမြင်ကွင်းတွေကိုကြည့်ပြီး ငြိမ်ကျသွားတယ်။