(17)

709 154 22
                                    

(Zawgyi)







"ဒီဟာလား???မရဘူး ဒါတော့မရဘူး အရမ်းချိုတယ်"

"သားကလည်း တစ်ကိုက်ပဲလေ"

ဂေဟာကိုသွားဖို့ ပြင်ဆင်ပြီးဆင်းလာချိန် ဧည့်ခန်းထဲက ဒေါ်လေးနဲ့Sehunရဲ့ စကားသံတွေကြောင့် ကျွန်တော်တစ်ချက်အကြည့်ပို့လိုက်မိတယ်။

ဖွင့်လျက်သားTVရှေ့မှာ ခြေပစ်လက်ပစ်ထိုင်နေတဲ့နှစ်ယောက်သားဟာ ကြည့်ရတာတော့ ကျွန်တော်မနက်က ဈေးထဲပြေးဝယ်ခဲ့တဲ့ ကိတ်မုန့်နဲ့ပတ်သတ်ပြီး အခြေအ‌တင်ဖြစ်နေဟန်ပဲ။

"အမေ့ကလည်းဗျာ ဆီးချိုတက်မှာဆိုးလို့ပါဆိုနေ"

"ငါနင့်ကိုမွေးထားတာပါဟဲ့...ငါနင့်ထပ်ပိုသိပါတယ်"

လုံးဝ...ဒေါ်လေးရဲ့အခြေအနေက လုံးဝကိုတိုးတက်လာတာပဲ။ဒီတစ်ခါ ဆိုးလ်ကိုသွားခဲ့တာ တော်တော်ထိရောက်ခဲ့ပုံပဲ။

စကားနိုင်လုရင်း အလုပ်ရှုပ်နေကြတဲ့နှစ်ယောက်သားဟာ ကျွန်တော့်ကိုတောင် သတိပြုမိပုံမပေါ်တာမို့ ကိုယ့်ဟာကိုယ်ပဲ အလိုက်တသိနဲ့ တိုးတိုးတိတ်တိတ် အိမ်ထဲကနေထွက်လာလိုက်တယ်။

အရင်တုန်းက ကျွန်တော့်နောက် တစ်ကောက်ကောက်လိုက်နေတဲ့Sehunဟာလည်း အခုတော့ ဒေါ်လေးကိုအဖော်ပြုပေးနေရလို့ အရင်လို ဂေဟာကို မလိုက်နိုင်တော့။ဒါလည်းပဲ တစ်မျိုးတော့ အဆင်ပြေတာပဲ။ကျွန်တော် ဒေါ်လေးကိုစိတ်ပူစရာမလိုတော့ပဲ စိတ်ချလက်ချနဲ့ စာသင်နိုင်ပြီ။

ထုံးစံအတိုင်း ကျွန်တော်ရဲ့စက်ဘီးစုတ်လေးနဲ့ ဂေဟာကိုဦးတည်တော့ တစ်ယောက်တည်းဖြစ်သွားပြန်လို့လားမသိ စိတ်ထဲနည်းနည်းတော့ အထီးကျန်သလိုလို...

ဘယ်လိုပဲဖြစ်ဖြစ် Oh Sehunက ဧည့်သည်။Oh Sehunက အချိန်တန်ရင်အိမ်ပြန်မယ့်သူ...ကျွန်တော် မလိုအပ်ပဲနဲ့သူ့ကို အရမ်းကြီးသံယောဇဉ်တွယ်လို့ မဖြစ်ဘူးလေ ဟုတ်တယ်မို့လား??

စိတ်ထဲကနေ ထိုအတွေးကို ဆက်ပြီးမတွေးမိအောင် စက်ဘီးခြေနှင်းကို အရင်က‌ထပ်နှစ်ဆပိုပြီး တိုးနင်းလိုက်တယ်။

အကျိုးဆက်ကတော့ ချွေးသံတလုံးလုံးနဲ့ ဂေဟာကိုရောက်သွားရတဲ့အပြင် အပိုဆုအနေနဲ့  အစ်မမီဆိုနဲ့ဂျင်းဝူးhyungရဲ့ ရန်ပွဲကို ကမမ်းကတန်း အပြေးဝင်ဆွဲရတော့တာပဲ...

Heartbeat Of The Blue Sea(Z+U)Where stories live. Discover now