(24)

675 153 28
                                    

(Zawgyi)









"ရုတ်တရပ်ကြီး တကယ်ပြန်တော့မလို့လား"

ဂျင်းဝူhyungက သူ့ပုခုံးပေါ်ကကျောပိုးအိတ်ကို သေချာအနေအထားပြင်လိုက်ပြီး ကျွန်တော့်ကို ရီပြလာတယ်။အလင်းရောင် သဲသဲကွဲကွဲမရသေးတဲ့ပတ်ဝန်းကျင်က မှောင်ရီဝိုးတဝါး။‌ဆောင်းဝင်စမနက်ခင်းရဲ့ လေးအေးအေးကလည်း တစ်ချက်ဝေ့တိုက်လိုက်တိုင်း စိမ့်ခနဲပဲ။

"မပြန်မဖြစ်မို့လို့ပါကွာ။ပြန်လာမှာပေါ့ ဘယ်လိုဖြစ်နေလဲ"

မနေ့ကအထိ အေးအေးလူလူ နေနေခဲ့ပြီး ဒီနေ့မနက်ကျမှ အစောကြီး အထုတ်အပိုးတွေထပြင်တဲ့ ဂျင်းဝူhyungကို ကျွန်တော် တကယ်ကိုနားမလည်နိုင်။hyungက နူနူညံညံလေးပြုံးပြီး ကျွန်တော့်ပုခုံးကို တစ်ချက်လှမ်းပုတ်တယ်။

"မျက်နှာကြီးကို အဲ့လိုလုပ်မထားစမ်းနဲ့။ရုပ်ခလေးကချောချောလေးကို တော်ကြာ အရေးအကြောင်းတွေပေါ်လာရင် ပြဿနာနော်"

သူ့ထုံစံအတိုင်း ရီရီမောမောနဲ့ပြောနေတဲ့hyungကိုကြည့်ပြီး ကျွန်တော် ဒေါသလည်းထွက်တယ်။ဝမ်းလည်းနည်းတယ်။အနည်းဆုံးတော့ ပြန်မယ့်အကြောင်းကို ကြိုပြောထားသင့်တယ်မဟုတ်ဖူးလား။အမြင်နဲ့တခြားဆီပေမယ့် ဂျင်းဝူhyungက တကယ်အသည်းမာတယ်။

"ဟိုကာလနဂါးကိုလည်း hyungက မသေစေနဲ့ဂရုစိုက်ဦးလို့မှာသွားတယ်လို့ ပြောလိုက်"

အိမ်ပေါ်ထပ်က အိပ်ခန်းရှိရာဆီကို မေးငေါ့ပြရင်းhyungပြောလာတော့ ကျွန်တော် စိတ်မပါစွာခေါင်းညိတ်ပြလိုက်တယ်။Sehunတစ်ယောက် အခုထိမထသေးဘူးမို့လား။ဒါလည်း သူ့အပြစ်လို့မဆိုသာ။hyungကိုက အရမ်းအစောကြီး ထပြန်နေတာ။

"ဒေါ်လေးကိုလည်း ဂရုစိုက်ဦး"

ကျွန်တော် ခေါင်းညိတ်ပြလိုက်ပြီး hyungရှေ့ခြေတစ်လှမ်းတိုးလိုက်ကာ hyungကို‌ဖက်လိုက်တယ်။hyungက သသောတကျရီရင်း ကျွန်တော့်ကြောပြင်ကို ငြင်ငြင်သာသာလေး ပုတ်ပေးလာတယ်။

"အစ်မကိုရော ပြောပြီးပြီလား"

"အင်း မနေ့ညကတည်းက"

ကျွန်တော် မျက်မှောင်မသိမသာကြုံ့ရင်း hyungရဲ့ကြောပြင်ကို တစ်ချက်ထုလိုက်တယ်။

Heartbeat Of The Blue Sea(Z+U)Where stories live. Discover now