Final - Chapter 18 (Unicode)

16.7K 1.3K 301
                                    

ရှောင်းကျန့်မှာ အားလပ်ရက် ၇ ရက်ကျန်သေးတယ်။ ပြီးတော့ ပိတ်ရက်မှာ အချိန်ပိုဆင်းထားတဲ့အတွက် အစားရတဲ့ အပို ပိတ်ရက်တွေပါ ရှိတယ်။ သူဟာ အဲ့ရက်တွေ အကုန်လုံးကို တခါတည်း သုံးပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခွင့်တောင်းတဲ့ Email ပို့နေချိန်ဟာ ရှောင်လျို့ အနားမှာ လာရ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ရှောင်းကျန့်မှာ အားလပ်ရက် ၇ ရက်ကျန်သေးတယ်။ ပြီးတော့ ပိတ်ရက်မှာ အချိန်ပိုဆင်းထားတဲ့အတွက် အစားရတဲ့ အပို ပိတ်ရက်တွေပါ ရှိတယ်။ သူဟာ အဲ့ရက်တွေ အကုန်လုံးကို တခါတည်း သုံးပစ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခွင့်တောင်းတဲ့ Email ပို့နေချိန်ဟာ ရှောင်လျို့ အနားမှာ လာရပ်နေတဲ့အချိန်ဖြစ်တယ်။ ရှောင်းကျန့်ရဲ့ ကွန်ပြူတာ screen ကို တချက်ကြည့်ပြီး ဘယ်သွားမှာလဲလို့ မေးလာတယ်။

“Las Vegas ကို”

ရှောင်းကျန့်က စာရိုက်နေရင်း ပြန်ဖြေလိုက်တာဖြစ်တယ်။ ပြီးတာနဲ့ စာပို့ရမယ့်သူကို သေချာပြန်စစ်နေလိုက်တယ်။

“အိုး အဲ့လောက် အဝေးကြီးကို တစ်ယောက်တည်းလား? အမျိုးတွေနဲ့လား?”

ရှောင်လျို့က မျက်ခုံးပင့်ရင်း ပြုံးလို့ မေးလာတာဖြစ်တယ်။

ရှောင်းကျန့်က ဘာမှ ပြန်မပြောဘူး။ ခေါင်းကို လှည့်လို့ ပြုံးပြလိုက်တယ်။ သူ့အပြုံးမှာ အဓိပ္ပါယ်တွေ အများကြီးနဲ့မို့ ရှောင်လျို့က တန်းနားလည်သွားတယ်။

“နောက်တစ်ခါ ပွဲတွေကျရင် ခေါ်လာခဲ့လေ မင်းအပေါင်းအသင်းတွေနဲ့ မိတ်ဆက်ပေးလိုက်”

စာရိုက်နေတဲ့ ရှောင်းကျန့်ရဲ့လက်တွေ ရပ်သွားတယ်။ ပြီးမှ ပြန်ဖြေလိုက်တယ်။

“အင်းပါ ငါတို့ အားရင်ပေါ့”

အင်းပေါ့။ စိတ်ထဲမှာတော့ သိပ် မထားဘူးပေါ့။

သူ့အနေနဲ့ ဒီအကြောင်းကို တွေးမထားတာတော့ မဟုတ်ဘူး။ သူနဲ့ ဝမ်ရိပေါ်ရဲ့ ပတ်သက်မှုမှာ ပတ်ဝန်းကျင်က ဘယ်လိုပဲ ပွင့်လင်းလာပါပြီ၊ နားလည်လာပါပြီပြောပြော လူတော်တော်များများရဲ့ ကမ္ဘာ့အမြင်နဲ့တော့ ထိပ်တိုက်တိုးနိုင်သေးတာမလား။ ဘယ်လိုကမ္ဘာ့အမြင်လဲဆိုရင် တဖက်တည်းကိုပဲ မျက်နှာမူထားတဲ့ ကျောက်တုံးတစ်ခုထဲ တည်ဆောက်ထားသလိုအမြင်မျိုး။ ဘယ်လိုမှ လက်ခံမပေးနိုင်တဲ့လူမျိုး။

မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||Where stories live. Discover now