“စိန့်ပက်ထရစ်ဘုရားကျောင်းထဲက
ပျော်ရွှင်သောမွေးနေ့”ဒီနေ့ရာသီဥတုက နေသာတယ်။
ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်တို့နှစ်ယောက် သူတို့တည်းတဲ့ တည်းခိုခန်းထဲမှာ နေ့လယ် ၂ နာရီခွဲအထိ အိပ်နေခဲ့ကြတယ်။ အိပ်ယာထ၊ ရေမိုးချိုးပြီး အပြင်ထွက်ဖို့ ပြင်တဲ့အချိန်မှာတော့ နေ့လယ် ၃ နာရီ ခွဲနေပြီဖြစ်တယ်။
အပြင်မထွက်ခင် ဝမ်ရိပေါ်က ပြောလိုက်သေးတယ်။ ဒီလိုရာသီဥတုမျိုးက ထီးဖွင့်ရလောက်အောင် မဟုတ်ပေမယ့် ထီးမဖွင့်ရင်လည်း စိုစေမယ့်ရာသီဥတုတဲ့။ အိပ်နေတာ ပိုသင့်တော်တယ်ဆိုပြီးတော့ပေါ့။
ရှောင်းကျန့်က သူ့ကို မျက်ဖြူလန်ပြလိုက်တယ်။
တကယ်ဆို သူတို့နှစ်ယောက် နေ့လယ် ၁၁ နာရီ ဝန်းကျင်လောက်ကတည်းက ငါးမိနစ်စီခြားပြီး နိုးနေခဲ့တာဖြစ်တယ်။ ရှောင်းကျန့်က အရင်နိုးပြီး ဝမ်ရိပေါ်ကို နမ်းလို့ နှိုးလိုက်တယ်။
ကိုယ်စိုက်ပျိုးတာ ကိုယ်ပြန်ရိတ်သိမ်းရတာပါပဲ။
အစက အိပ်ယာထဖို့ ပြင်နေတဲ့ကောင်လေးဟာ အိပ်ယာပေါ်ကို ပြန်ဖိချခြင်း ခံလိုက်ရတယ်။ အဲ့ဒီ့နောက်မှာတော့ အခုလိုအချိန်တိုင်း အိပ်ယာပေါ်မှာ ပြုတတ်တဲ့၊ ဝမ်ရိပေါ်အကြိုက်ဆုံး အသံလေးတွေသာ ထွက်လာနိုင်တော့တယ်။
ဒီတစ်ခေါက် New York ကို ပြန်လာတာမှာ ရှောင်းကျန့်ဟာ မက်ဟန်တန်က တည်းခိုခန်းကို ငှားထားခဲ့တာဖြစ်တယ်။ ဝမ်ရိပေါ်နေခဲ့ဖူးတဲ့ တိုက်ခန်းနဲ့ ၂ လမ်းပဲ ခြားတဲ့နေရာမှာ ဖြစ်တယ်။
အဲ့ဒီ့ ဝမ်ရိပေါ်နေခဲ့တဲ့ အဆောက်အဦးက အိုဟောင်းနေပြီဖြစ်သလို အထဲက ပရိဘောဂတွေကလည်း သာမာန်ပါပဲ။ ပြီးတော့ ခဏတာပဲ တည်းမယ့်သူတွေကို မငှားဘူး။ အစတုန်းကတော့ ရှောင်းကျန့်က အဲ့မှာပဲ တည်းချင်ခဲ့တာမို့ ဝမ်ရိပေါ်ကို တခုခုကြံဖို့ ပြောခဲ့သေးတယ်။
“ဘာလုပ်ပေးရမတုန်း? သူများအိမ်ထဲ ဖောက်ဝင်ရမလား?”
သူတို့ အဲ့စကားတွေကို JFK လေဆိပ်မှာ Luggage တွေ စောင့်နေရင်း ပြောခဲ့တာဖြစ်တယ်။
YOU ARE READING
မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||