Chapter 10 (Unicode)

9.2K 1.3K 143
                                    

နွေရာသီဟာ မြို့တော်ကို စောစောဝင်မလာခဲ့ပါဘူး။

ရာသီဥတု အပူချိန်က ခဏလောက် ကျသွားတယ်။ မိုးကလည်း ရွာလို့။ ဒီလိုမိုးမျိုးက လူတွေကို ရွှံ့တွေ ဗွက်တွေထဲ သွားလာရအောင် လုပ်နေသလိုပဲ။

ရှောင်းကျန့်အတွက် ရည်းစားဟောင်းဟာလည်း ဒီမြို့ရဲ့ ရာသီဥတုလိုပဲ။ ဘယ်လိုရာသီဥတုမျိုးဆိုပြီး တိတိကျကျမရှိဘူး။ အင်း အဲ့ဒါကိုက သူ့နာမည်အတိုင်းပါပဲ။ ယို့ရီ (လေလွင့်သူ)တဲ့။ ရှောင်းကျန့်ရဲ့ ဝမ်းကွဲညီမ ဖေးဖေးကတော့ တခါ သူ့နာမည်ကိုကြားတာနဲ့ အဲ့လို စ နောက်ပြောခဲ့ဖူးတယ်။ ယို့ရီဟာ ပြတ်သားတဲ့သူ မဟုတ်မှန်း သူလည်း သိထားတာကိုး။

ရှောင်းကျန့် ဒီနေ့ နည်းနည်း အလုပ်ရှုပ်နေတယ်။ ဟိုတယ်ခန်းမကို ပွဲတွေအတွက် ငှားကြတာ နှစ်ရက်ဆက်တိုက်။ သဘောက သူ့မှာ နှစ်ရက်လုံး နားချိန်မရှိဘူး။ ရှောင်လျို့ကလည်း ရက်တွက်တာတွေ မှားပြီး တစ်လတည်းကို မွေးနေ့ပွဲနှစ်ခါ Booking လုပ်မိပြန်တယ်။

ပြောရမယ်ဆိုရင် ရှောင်းကျန့်အလုပ်က စိတ်အေးစရာရယ်လို့ ဘာမှသိပ်မရှိဘူး။

ဒါပေမယ့် ဒါတွေ အားလုံးကို ရှောင်းကျန့်က ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။ သူက ကာစတမ်မာတွေနဲ့ အမြဲတမ်း ဆက်ဆံရေးကောင်းတဲ့သူဖြစ်ပြီး အလုပ်နဲ့ ပတ်သက်သမျှ လူတိုင်းနဲ့လည်း ကောင်းမွန်တဲ့အနေအထားမှာ ရှိတယ်။ စကားအပြောအဆိုနဲ့ပတ်သက်ပြီး ဖြစ်သမျှပြဿနာကိုလည်း ကောင်းကောင်းကိုင်တွယ်နိုင်တဲ့သူ။ ဒါပေမယ့် ယို့ရီနဲ့တော့ မကောင်းပြန်ဘူး။

အလုပ်ဆင်းခါနီးမှာပဲ ဝီချက်ထဲ စာဝင်လာတယ်။ ယို့ရီဆီကဖြစ်ပြီး ရှောင်းကျန့်ကို ဘယ်အချိန် အလုပ်ဆင်းမှာလဲဆိုတာနဲ့ ပို့လိုက်တဲ့ လက်ဆောင် ရမရ လှမ်းမေးတဲ့စာဖြစ်တယ်။

အရမ်းသိသာနေတာတစ်ခုက ယို့ရီဟာ ရှောင်းကျန့်နဲ့ ပြန်တွဲချင်တယ်ဆိုတာပါပဲ။ ကွဲကြေသွားတဲ့မှန်စတွေကို ပြန်ဆက်ချင်သလိုမျိုး။ တခြားအတွဲတွေ လမ်းခွဲပြီးမှ စိတ်မပြတ်ပဲ ပြန်တွဲကြသလိုမျိုး။ အစကတော့ ရှောင်းကျန့်က ဒါတွေကို သဘောကျခဲ့တယ်။ သူ့ရဲ့ ဇွဲမလျှော့မှု၊ သူ့ရဲ့ ညင်သာမှုတွေ။ ဒါပေမယ့် အခုချိန်မှာတော့ ဒီလိုလုပ်ရပ်တွေဟာ တကယ့်ကို စိတ်ရှုပ်စရာ ကောင်းနေတယ်။

မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||Where stories live. Discover now