Extra 2 - Moving (Unicode)

6.6K 930 217
                                    

“ပြောင်းရွှေ့ခြင်း”

စနေနေ့မှာ ဝမ်ရိပေါ်ဟာ နေ့လယ် ၂ နာရီထိ အိပ်နေခဲ့တယ်။

အိပ်ချင်မူးတူးမျက်လုံးနဲ့ ဖွင့်ကြည့်လိုက်တဲ့နောက် သူ့ဘေးက နေရာမှာ လူမရှိတော့ဘူး။ ကန့်လန့်ကာတွေကို တင်းတင်းဆွဲပိတ်ထားတုန်းရှိသေးတယ်။ အပြင်က နေရောင်ခြည်လေးတမျှင်တောင်မှ ဝင်မလာနိုင်လို့ နေ့ဘက်ဟာ ညအလား ထင်နေရတယ်။

တံခါးဖွင့်သံ ကြားလိုက်တဲ့နောက် ခေါင်းကိုမော့ကြည့်လိုက်တဲ့အခါ ရှောင်းကျန့်ဟာ တံခါးကို မှီရင်း ရပ်နေတယ်။ ဒီနေ့ ရာသီဥတုက အတော်ကို နေသာပုံပါပဲ။ အပြင် hallway လမ်းလေးကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်။

“နိုးပြီလား?”

ရှောင်းကျန့်က လမ်းလျှောက်လာပြီးတဲ့နောက် အိပ်ယာဘေးစွန်မှာ ဝင်ထိုင်လိုက်တယ်။

“အင်း”

ဝမ်ရိပေါ်ရဲ့လက်ဟာ စောင်အောက်ကနေ သူ့ဆီရောက်လာတယ်။ တစောင်းလှဲနေလျက်ကနေ ရှောင်းကျန့်ခါးကို အနောက်ကနေ ဖက်လာတယ်။ အဲ့ဒီ့နောက် သူ့ရဲ့နဖူးနဲ့ ရှောင်းကျန့်အနောက်ကို ဖိထားပြီး လေသံနဲ့ ဗလုံးဗထွေး ပြောလာတယ်။

“အိပ်ချင်တယ်”

“ညက ဘယ်အချိန် အိပ်တာလဲ?”

ရှောင်းကျန့်က ခန္ဓာကိုယ်ကို ရွေ့လိုက်တယ်။ သူ့ခါးဟာ လက်ဖဝါးကြီးကြီးတစ်စုံရဲ့ ပွတ်သပ်မှုကြောင့် ယားကျိကျိ ဖြစ်လာတယ်။

“မိုးလင်းမှ အိပ်တာလား? ဧည့်ခန်းထဲက PS4 စက်ကိုတောင် ပိတ်မထားဘူး”

“မမှတ်မိတော့ဘူး”

“တရုတ်ကို ပြန်ရောက်ပြီးတာတောင် ကျင့်သားမရသေးဘူး အမေရိကန် စံတော်ချိန်အတိုင်း နေချင်တုန်းပဲလား?”

ရှောင်းကျန့်က အပြုံးလေးနဲ့ ခပ်နောက်နောက် ပြောလိုက်တာဖြစ်တယ်။

သူ့ကို ဖက်ထားတဲ့ကောင်လေးကတော့ ပျင်းရိနေဖို့ ဆုံးဖြတ်ထားပုံပဲ။ အမေရိကန် စံတော်ချိန်လား အင်ဒီးယန်း စံတော်ချိန်လား ဂရုစိုက်မနေဘူး။ ရှောင်းကျန့်ခါးကို ဖက်ထားတဲ့ သူ့လက်နှစ်ဖက်က ပိုပိုပြီးတော့ တင်းကြပ်လာတယ်။ သူ့ရဲ့ ညာဘက်လက်ဟာ တဖြည်းဖြည်း လျှောဆင်းလာပြီး ရှောင်းကျန့် ခြေထောက်ကြားကို တိုးဝင်သွားတယ်။

မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||Where stories live. Discover now