Extra 1 - "Anonymous Baby" (Unicode)

10.6K 955 153
                                    

“Anonymous Baby”

၁။

လေယာဉ်ဆိုက်ဖို့ ၂ နာရီအလိုမှာ ရှောင်းကျန့် နိုးလာခဲ့တယ်။

လေယာဉ် cabin ရဲ့ အနံ့က သိပ်မကောင်းဘူး။ ထိုင်တာကြာလို့ သူ့တကိုယ်လုံး ညောင်းညာကိုက်ခဲနေပြီး ခေါင်းလည်း အနည်းငယ် ငြီးစီစီဖြစ်နေတယ်။ ဒီလို အချိန်ကြာတဲ့ လေယာဉ်ခရီးရှည်တွေ မထွက်ဖြစ်တာ ကြာလို့နေမယ်။ လေယာဉ်ထွက်ပြီးပြီးချင်း ဝိုင် နည်းနည်းသောက်ထားတာမို့ သူ့ခန္ဓာကိုယ်နဲ့ နေသားမကျဖြစ်နေတယ်။

ဘေးကို အသာလှည့်ပြီး လေယာဉ်မှန်ပြတင်းအပေါ်က shade ကို တင်လိုက်တယ်။ အပြင်မှာ မှောင်မဲနေတာမို့ ဘာမှကို မမြင်ရဘူး။

လတ်တလော ကမ္ဘာရဲ့ တဖက်ခြမ်းမှာ ညသန်းခေါင်အချိန် ရှိနေပြီဖြစ်တယ်။

လေယာဉ်ထဲမှာ အလင်းရောင်မှိန်မှိန်သာ ရှိနေပြီး မီးတွေ အကုန်ပိတ်ထားတာကြောင့် လုံးဝကို တိတ်ဆိတ်နေတယ်။ တခြားခရီးသည်တွေရဲ့ အသက်ရှူသံကိုတောင် ကြားနေရတယ်။ ရှောင်းကျန့်ရဲ့ ရှေ့ခုံမှာ ထိုင်နေတဲ့ လူဆီက ဟောက်သံဟာ ကျယ်လွန်းတာကြောင့် ရှောင်းကျန့်အတွက် တကယ်ကို နားငြီးနေတယ်။

လက်ကိုမြှောက်လိုက်ပြီး ခေါင်းပေါ်က overhead light ရဲ့ ဦးတည်ရာကို ပြောင်းလိုက်တယ်။ ပြီးတာနဲ့ ဘေးကို ကြည့်လိုက်တယ်။ သူ့အမေဟာ စောင်အောက်မှာ ငြိမ်ငြိမ်လေး အိပ်မောကျနေတယ်။

ရှောင်းကျန့်မှာ လုံးဝ အိပ်ချင်စိတ် မရှိတော့ဘူး။ နားထဲကို နားကြပ်ထည့်လိုက်တယ်။ သူ့ရှေ့ ထိုင်ခုံနောက်မှာ ကပ်ထားတဲ့ screen ကို နှိပ်လိုက်ပြီး သူ့ရဲ့ ငြီးငွေ့မှုကို အဆုံးသတ်စေဖို့ ဟို ဒီလိုက်ရှာတယ်။ ကျန်ရှိနေတဲ့အချိန်တွေကို မသိသာရစေအောင်လို့ ရုပ်ရှင်ကားတစ်ကားကို ရွေးလိုက်တယ်။

အဆုံးမှာတော့ သိပ်နာမည်မကြီးတဲ့ ဥရောပရုပ်ရှင်ကားတစ်ကားကို ရွေးလိုက်တယ်။ ၁၀ မိနစ်လောက် ကြည့်လိုက်တယ်။ စပိန်ဘာသာစကားပြောရုပ်ရှင်ဖြစ်တာမို့ ရှောင်းကျန့်အနေနဲ့ တစ်လုံးမှ နားမလည်နိုင်ဘူးဖြစ်နေတယ်။

မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||Where stories live. Discover now