Extra-1

4.3K 584 50
                                    

Unicode...

ဦးတာနဲ့ သုခတို့ မင်္ဂလာဦးည...

"ခခ"

"ဗျာ"

"ဟို ... ကို အင်္ကျီလဲဦးမယ်​နော်"

"ဟုတ် ဦး"

ခခက ကုတင်​ပေါ်မှာ။ ဦးက ကုတင်​ပေါ် ဖင်တစ်ခြမ်း​စောင်းထိုင်ပြီး အခုထိ ခခကိုလက်နဲ့​တောင်မတို့​သေးဘူး။ ခုလည်း အင်္ကျီလဲဦးမယ်တဲ့။ ​စောင့်ရပြန်ဦးမယ်။ ဟို​ကောင်​တွေ အခန်း​ရှေ့မှာ ​ချောင်းနား​ထောင်​နေလားမသိဘူး​​နော်။ ​သော်​သော်တို့အလှည့်တုန်းက ခခတို့လုပ်ခဲ့တာဆို​တော့ အခုကိုယ့်အလှည့်ကျလည်း စိတ်ပူမိတယ်။

** သို့​​ပေမဲ့ အပြင်မှာတော့ ခြင်တစ်​ကောင်​တောင်မရှိ။ ကိုယ်စီအလုပ်များ​နေကြတယ်။ မီး​လေးတို့လင်မယားက အ​ပေါ်ထပ်အခန်းမှာ...။ ဝဏ္ဏ၊ ငထွန်းနဲ့ မြတ်သူက ​​​သူတို့ဘေးအခန်းမှာ ဖဲထိုင်ရိုက်​နေကြတာ။ ​သော်ကြီးနဲ့ ​တေ​ဇောက​တော့ ​အောက်ထပ်အခန်းထဲ everything​နေကြ​ခြင်း...။ **

ဦးအင်္ကျီလဲပြီး​ပြီ ဟီဟိ...

"ခခ... ဟို ...ဟိုဘက်တိုးဦး​လေ"

"ဟုတ်"

တိုး​ပေးလိုက်ပါတယ်။ ဘာလို့ဘာမှမဘာ​သေးတာလဲ။ မင်္ဂလာဦးည​လေ။ ဧကန္တ ဦးက ရှက်​နေတာများလား။ ဟုတ်မယ်။ ရှက်​နေတာ​နေမှာ။ အခုလည်းကြည့်။ လူကိုဟိုဘက်တိုးခိုင်းပြီး သူက​​ခေါင်းအုံးကြီးမှီလို့။ ခခကိုလည်းမကြည့်ဘူး။ ဒီအတိုင်းဆို ​သော်​သော်တို့လို မိုးလင်းသွားလိမ့်မယ်။

"ဦး"

"အင်း ခခ​ပြော"

"ခခတို့ လက်ထပ်ပြီးပြီ​လေ...ရှက်မ​နေပါနဲ့​တော့"

"မ မရှက်ပါဘူး...ဒီတိုင်း"

"ရှက်​နေတာ သိသာတာကြီး"

"ဒါ ဒါဆိုမရှက်​တော့ဘူး​နော်... စရ​အောင်"

"ဟုတ် ... ဟီး"

ဒါမျိုးကို ​မျှော်လင့်နေတာကြာပြီ။ 

** ဒီလိုနဲ့ အလုပ်စကြတယ်။ **

"ဟင်...ဦး"

"ဘာ ဘာလို့လဲ ခခ"

"​ပြောင်းဖူး​​စေ့"

ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ချစ်ခြင်းသက်သေ ဉာဏ်ကလိမ်Where stories live. Discover now