05.

575 99 25
                                    

* Unicode *
WAFF || When A Flower Falls..

" သား နမ်ဂျွန် မေမေ စိတ်ချခဲ့မယ်နော် သမီးလေးက ကလေးလေးလိုပဲ သူ့ကိုအိမ်မှာထားခဲ့ရမှာ စိတ်ပူတယ် သား အိမ်မှာ စောင့်အိပ်ပေးနော် ပြီးတော့ မေမေပြန်လာတာနဲ့ သားဖြစ်စေချင်တဲ့အတိုင်း လက်ထပ်ပွဲကို စီစဉ်ပေးမယ် "

ဒုဥက္ကဌဖြစ်တဲ့ သူ့ကို မေမေက ကလေးလေးတစ်ယောက်လို ဆံပင်တွေဖွကာ တတွတ်တွတ်ပြောသည်ဆိုရင်ဖြင့် သူ့ရင်ထဲကြည်နူးသွားရသည်။ အမေ့မေတ္တာငတ်မွတ်နေတဲ့ သူ့အတွက် ယွန်းမီ့မေမေဟာ အစားထိုးမရနိုင်တဲ့သူ။

" ဟုတ်ကဲ့မေမေ ကျွန်တော် ယွန်းမီ့ကို ဂရုစိုက်ပါ့မယ် "

" ဒါဆို မေမေသွားပြီနော် အဆိုးလေးကတော့ အိမ်ရောက်နေလောက်ပြီ သူ့ကိုကြိုမပြောလို့ဆိုပြီး စိတ်ဆိုးပြီးပြန်သွားတာ သား ချော့လိုက်ဦး "

" စိတ်ချပါမေမေရဲ့ ကျွန်တော် ပြန်ချော့လိုက်ပါ့မယ် မေမေသာ မြန်မြန်ပြန်လာခဲ့ ကျွန်တော် ဒီထက်ပိုပြီး ယွန်းမီ့ကိုစိတ်မချတော့ဘူး "


အဖြစ်သည်းနေတဲ့သူ့ကို မေမေကကြည့်ရင်း ပီတိ‌တွေဖြင့်ပြုံးသည် ။ ထို့နောက် မေမေသည် သူ့အားနှုတ်ဆက်ကာ ‌အတွင်းရေးမှူးနဲ့အတူ ထွက်သွားတော့မှ သူလဲလေဆိပ်ထဲက ထွက်လာလိုက်သည်။
ထို့နောက် သူ့ကလေးလေးအတွက် ညစာပြင်ပေးဖို့ လိုတဲ့ပစ္စည်းတွေဝယ်ရန် ကုန်တိုက်သို့ ဦးတည်လိုက်သည်။ ဖက်ထုပ်အရမ်းကြိုက်တဲ့ကလေးအတွက် သူဖက်ထုပ်လေး လုပ်ကျွေးဖို့ရည်ရွယ်ထားသည်။ မေ‌မေက အလုပ်ကိစ္စနဲ့ တစ်ပတ်ခရီးသွားရတာမို့ သူက ကလေးကို စောင့်အိပ်ပေးရသည်။ တရားဝင်စေ့စပ်ပြီးတဲ့နောက်မှာ ယွန်းက အရင်ကထက်ပိုချွဲလာသလို မေမေကလဲ သူ့နဲ့ဆို အရမ်းစိတ်ချလွန်းသည်။
ဖက်ထုပ်စားရင်း နှုတ်ခမ်းတဆူဆူနဲ့ပြောမဲ့ ယွန်းပုံရိပ်ကို သူမြင်ယောင်ရင်း ပြုံးလိုက်မိသည်။

" အွန်... ကင်နမ်ဂျွန်ရှီ ပဲ.."

ရုတ်တရက်‌ ဟင်းအမှုန့်ဝယ်ရွေးနေရင်း သူ့ကို နှုတ်ဆက်လိုက်တဲ့သူကြောင့် သူလှည့်ကြည့်လိုက်မိသည်။

ပန်းလေးတစ်ပွင့်ကြွေသောအခါ ...Where stories live. Discover now