02.

925 117 22
                                    

* 𝗨𝗻𝗶𝗰𝗼𝗱𝗲 *
WAFF || When A Flower Falls 。。。


လွန်ခဲ့သော သုံးနှစ်ကျော်က

.
.
.
"ဟင်အင်း..ကိုကို....မထားခဲ့ပါနဲ့ နမ်စီကိုမထားခဲ့ပါနဲ့"

ကုတင်ပေါ်ကနေငိုယိုနေတဲ့ ကင်နမ်စီက ကျွန်တော့်လက်ကိုအပြေးဆွဲကာ ပြောလိုက်သည်ဆိုရင်ဖြင့်

"ကျစ်..."

တစ်ချက်စုတ်သပ်မိသည်...ထို့နောက်
နမ်စီကိုကျောပေးထားသော ကျွန်တော်က နမ်စီဘက်ပြန်လှည့်ရင်း....နမ်စီ့ခေါင်းလေးကို လက်ဖြင့်ခပ်ဖွဖွလေး ပွတ်သပ်လိုက်သည်။နမ်စီကတော့ လက်ကိုဆွဲထားရာမှ ကျွန်တော့်ရင်ခွင်ထဲဝင်တိုးလာသည်။

" ကိုကို...အပေးအယူနဲ့ တွဲခဲ့ကြတာဆိုပေမယ့် နမ်စီ ကိုကို့ကိုတကယ်ချစ်မိပြီ...အဲဒါကြောင့် နမ်စီ့ကိုမထားခဲ့ပါနဲ့နော်...နမ်စီတောင်းပန်ပါတယ်နော်....နမ်စီတကယ်မခွဲနိုင်လို့ပါ..."

နမ်စီ့အပြောကြောင့် ကျွန်တော် အောင်နိုင်သူတစ်ယောက်လို ပြုံးရင်း

"မဟုတ်ဘူး နမ်စီ...ငါတို့စတွဲကတည်းက အပေးအယူမျှမျှတတနဲ့ပဲလေ အခု Gameပြီးပြီ ငါလည်းနိုင်သလို မင်းလည်းနိုင်တာပဲလေ...ဘာလဲ.... လောင်းကြေးက မလောက်လို့လား..."...

"မဟုတ်ဘူး... ကိုကို လောင်းကြေးကြောင့်မဟုတ်ဘူး...တကယ်ချစ်မိသွားလို့ပါ နမ်စီနဲ့ဆက်တွဲပေးပါ အရင်လိုplay girlမလုပ်တော့ဘူး...အရင်လိုမဆိုးတော့ဘူးလို့ ကတိပေးပါတယ်...ကိုကိုရယ်..

ကိုကိုသာ ဆန္ဒရှိမယ်ဆိုရင်

နမ်စီလေ.. နမ်စီ့ဘဝကိုတောင် နမ်စီပေးပါ့မယ်"

တုန်ယင်နေတဲ့နမ်စီစကားအဆုံး သူ့ရင်ခွင်ထဲမှာ သူ့ကိုဖက်တွယ်ထားတဲ့ နမ်စီ့လက်တွေကို သူဖယ်ထုတ်လိုက်သည်။ထို့နောက်...

"Sorry .... နမ်စီ မင်းငါ့ကို ဘာကောင်ထင်လို့လဲ..
မင်းမှမဟုတ်ဘူး... ငါလိုချင်ရင် သူတို့ဘဝကို သူတို့ကိုယ်တိုင်ပေးမယ့် မိန်းမတွေကအများကြီး..
မင်းလောက်တော့ သနားတယ်...
ငါတစ်ခုပြောမယ်....ကင်နမ်စီ...
ပတ်ဂျီမင် ဆိုတဲ့ငါက လောင်းကစားသမား.... ငါ့တာဝန်က အချစ်ကိုအလောင်းအစားလုပ်ဖို့ပဲ... မင်းလိုplay girlတစ်ယောက်နဲ့ လမ်းကြောင်းတူပေမယ့် ပက်သတ်မှုတွေမတူဘူး...အနည်းဆုံး...ငါက ဖြူစင်နိုင်သေးတယ်....မပူနဲ့စိတ်ချ... ခဏနေရင် မင်း Accထဲကို ငွေဝင်လာလိမ့်မယ်...ငါ့ကို ချစ်မိသွားတဲ့အတွက်ကျေးဇူး..
ပိုပြီးကျေးဇူးတင်တာက ဆန္ဒ ရှိမယ်ဆိုရင် ဘဝကိုပေးမယ်လို့ပြောတဲ့အတွက် ...

ပန်းလေးတစ်ပွင့်ကြွေသောအခါ ...Where stories live. Discover now