⟨ Unicode Version ⟩
* ပန်းလေးတစ်ပွင့်ကြွေသောအခါ *
(အပိုင်း ၁၄)လေယာဉ်ဆိုက်ရောက်တာနဲ့ သူမလက်ထဲကို ဖုန်းလေးတစ်လုံး လာထည့်ပေးသည်။ ဘယ်လမ်းကနေ ဘယ်လို ကိုးရီးယားမြေကို ရောက်ခဲ့လဲမသိပေမယ့် အခုတော့ နှစ်လလုံးလုံး ပြန်ရောက်ချင်နေခဲ့တဲ့ဒီနေရာကို သူမ ရောက်နေခဲ့ပြီဖြစ်သည်။ သို့ပေမယ့် သူမမျက်နှာမှာ ပျော်ရွှင်ခြင်းတွေမရှိ။
" ... ဆက်သွယ်လိုက်ပါ ... ပြီးရင် စိတ်ရှိတဲ့အတိုင်း တရားပဲစွဲစွဲ ဘာပဲလုပ်လုပ် ကြိုက်တာလုပ်ပါလို့ အစ်ကိုလေးက မှာခဲ့ပါတယ် "
ဒီစကားကြောင့် သူမမျက်ဝန်းတွေ ငွေ့ရည်ဖွဲ့တည်လာသည်။ ချစ်ရသူကို ဘယ်လိုအင်အားမျိုးနဲ့ ထိခိုက်ရက်နိုင်လေမလဲ။
" ခွင့်ပြုပါဦး ယွန်းမီယောင်းရှီ "
နှုတ်ဆက်ပြီးတဲ့နောက် သူမကို တစ်ယောက်တည်းချန်ကာ ထွက်သွားကြတော့သည်။ ဘယ်နေရာကို ရောက်နေလဲဆိုတာတောင် သူမသေချာမသိ။ သူမ စိတ်အခြေအနေအရ လှုပ်တောင်မလှုပ်ချင်တော့ပြီမို့ ခဏတာ ငြိမ်သက်မိနေသည်။
သိပ်မကြာတဲ့အချိန်မှာတော့ အလွတ်ရနေတဲ့ဖုန်းနံပါတ်လေးကို နှိပ်လိုက်ရင်း ခေါ်လိုက်မိသည်။ အဲ့ဒီ့နောက် စိတ်ရော ကိုယ်ပါ ပင်ပန်းနေမိတဲ့သူမဟာ ထိုနေရာမှာတင် လဲကျသွားတော့သည်။
သတိပြန်ရလာတဲ့အချိန်မှာတော့ သူမလက်ဟာ ခပ်နွေးနွေးလက်ဝါးကြီးကြီးထဲမှာ အေးစက်စွာတည်ရှိနေသည်။ မျက်ဝန်းတွေ မဖွင့်ချင်လောက်အောင် ပင်ပန်းနေတယ်ဆိုပေမယ့် မေမေရှိသေးတယ်ဆိုတဲ့အသိက သူမကို နှိုးဆော်လာလေလျှင် သူမ မျက်ဝန်းတွေ ဖွင့်လိုက်မိသည်။
" ယွန်း ~~ ကလေးလေး ... "
ပထမဦးဆုံးကြားလိုက်ရတဲ့အသံက ကိုကို့အသံဖြစ်သည်မို့ သူမ မျက်ရည်ဝဲသွားမိသည်။ နောက်ဆုံးတော့ သေလောက်အောင် အခါခါသတိရပြီး တောင့်တခဲ့ရတဲ့ရင်ခွင်ဆီ ပြန်ရောက်လာခဲ့ပြီဖြစ်သည်။
YOU ARE READING
ပန်းလေးတစ်ပွင့်ကြွေသောအခါ ...
FanfictionPark Jimin × You " ကိုကို့ကြောင့်နဲ့ လောကကြီးဟာ ချစ်စရာမကောင်းမှန်း ယောင်းသိခဲ့ပြီ ကိုကို .... သန်မာစေခဲ့တဲ့အတွက်လဲ သိပ်ချစ်ပါတယ် " ( ယောင်း ) " တောင်းပန်တယ် မကာကွယ်ပေးနိုင်ခဲ့လို့... ဒီအတိုင်းလက်လွှတ်လိုက်ရင် မင်းအဆင်ပြေမယ်ထင်ခဲ့လို့ ...တောင်းပန်တ...