10.

393 84 4
                                    

⟨ Unicode Version ⟩
*WAFF || When A Flower Falls ,...*
Episode 10


" အသာတကြည်ပဲ လက်မှတ်ထိုးလိုက်ပါ အန်တီ "

နာကျင်နေတဲ့မျက်ဝန်းတွေနဲ့ကြည့်ကာ နမ်ဂျွန်ပြောမိတော့ ယွန်းရဲ့မေမေက သူ့ကို မဟုတ်ဘူးနော် ဆိုတဲ့ ပုံစံလေးနဲ့ကြည့်သည်။

" သား မေမေ ရာထူးမလွှဲပေးချင်လို့ မဟုတ်ဘူးနော် … ဒါပေမဲ့ သားသိထားတာတွေက မှားနေတာ အဖြစ်မှန်တွေက အဲ့ဒီလိုမဟုတ်ဘူး … သားရဲ့မေမေကို တစ်ခါမှ မလိမ်ခဲ့ဖူးသလို သတ်လည်းမသတ်ခဲ့ဘူး ပြီးတော့ Tomorrow X Togetherက အစကတည်းက သားအပိုင်ပါ မေမေ လုယူမယ်လို့တစ်ခါမှမစဉ်းစားဖူးဘူး … မင်းအဖေက မင်းကိုညာနေတာ မင်းသိရဲ့လား သား ... မင်း တကယ်သတိထားရမယ့်သူက မင်းအဖေကင်မိုယောင်းပဲသား ... မေမေပြောတာ နားထောင်ပါ "

မျက်ရည်တဝဲဝဲနဲ့ပြောလာတဲ့ ယွန်ရဲ့မေမေကိုကြည့်ပြီး နမ်ဂျွန်အကြည့်လွှဲလိုက်သည်။ ဒီအချိန်မှာ သူ့နှလုံးသားဟာ နာကျင်လွန်းနေတာမို့ အမှားအမှန်မဆုံးဖြတ်နိုင်။ သို့ပေမယ့် သူလုပ်သင့်တာကို သူလုပ်နေတာပဲလေ။ ယွန်းရဲ့မေမေဆီလာတိုင်း စိတ်နာနေသလိုဖြစ်နေတဲ့ဖေဖေ့ပုံရိပ်ကြောင့် သူ သံသယဝင်မိခဲ့သည်။ အဲ့ဒါကြောင့် ဖေဖေ့ကို တစ်ဖက်လှည့်နဲ့မေးမိတော့ သိလိုက်ရတဲ့အမှန်တရားတွေဟာ လက်မခံချင်စရာ။ ဖေဖေပြောသည်က ယွန်းရဲ့မေမေနဲ့ သူ့ရဲ့မေမေဟာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့သည်တဲ့။ ဒါပေမဲ့ ယွန်းရဲ့မေမေကြောင့် သူ့မေမေဟာ ဖေဖေနဲ့ကွာရှင်းခဲ့ရပြီး နောက်ဆုံး အသက်ပါ သေဆုံးခဲ့ရသည်။အဲ့ဒါအပြင် သူတစ်ချိန်လုံးမထင်ထားမိသည်က လက်ရှိကုမ္ပဏီနဲ့ပိုင်ဆိုင်မှုတွေဟာ သူ့အပိုင်တွေဆိုတာ။ ယွန်းရဲ့မေမေကို သူလေးစားလာခဲ့သမျှအမှန်တရားတွေသိပြီးတာနဲ့ သူ့စိတ်တွေ ယိုင်နဲ့လာသည်။ ဆိုးဆိုးရွားရွားကြီးကလဲ့စားမချေချင်ပေမယ့် သူရသင့်တာကိုတော့ သူယူရမယ် မဟုတ်လား။

" ကျွန်တော်လည်း မယုံကြည်ချင်ခဲ့ပါဘူး အန်တီ ဒါပေမဲ့ ဒီနေ့ဒီအချိန်ထိ မိဘမဲ့ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရှင်သန်ခဲ့ရတာလေ ... အန်တီ့ကို တစ်ချိန်လုံးကျေးဇူးရှင်ဆိုပြီး လေးစားခဲ့တယ် ချစ်ခဲ့တယ် ဒါပေမဲ့ အန်တီက ကျွန်တော့်ရဲ့မေမေကို သေစေခဲ့တာမဟုတ်လား "

ပန်းလေးတစ်ပွင့်ကြွေသောအခါ ...Where stories live. Discover now