13.

318 42 6
                                    

⟨ Unicode Version ⟩
*WAFF || When A Flower Falls ,...*
Episode 13

ပြာလွင်နေတဲ့လွင်ပြင်ကျယ်ကြီးထဲ သူမကို ညှိုးငယ်စွာ စိုက်ကြည့်နေတဲ့လူသား ..။ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ နူးညံ့တဲ့မျက်ဝန်းတွေဟာ သူမနှလုံးသားကို ဆုပ်ကိုင်ဖျစ်ညစ်သည်။ ပကတိရှင်းသန့်နေတဲ့သူ့ပုံရိပ်ဟာ သူမကို ဆွံ့အငေးမောစေဖို့ လုံလောက်နေလေတော့ သူမ တိတ်ဆိတ်စွာ ထိုအခိုက်အတန့်ကို ငေးမောနေမိသည်။ သို့ပေမယ့် သူမရှေ့ကပုံရိပ်ငယ်လေး ဝေးကွာလာလေလျှင် လွင့်ပြယ်မသွားဖို့ ဖမ်းဆုပ်လိုက်မိသည်။ သူမ မဖမ်းဆုပ်နိုင်ခင်လေးမှာပဲ အခိုးအငွေ့အဖြစ်ပျောက်ကွယ်သွားတော့မယ့်သူ့ဆီကနေ နာမ်စားလေးတစ်ခုကို ဝိုးသဝါးကြားလိုက်ရမိသည်။

“ ယောင်း~~ ”

တုန်လှုပ်ခြင်းများစွာနဲ့ နိုးထလာလေလျှင် မြင့်လိုက် နိမ့်လိုက်ဖြစ်နေတဲ့ ရင်ဘတ်ကြီးဟာ နာကျင်လျက် ... ။ သူမ မထိန်းကျောင်းနိုင်လောက်အောင် မောပန်းတုန်ယင်နေခဲ့သည်။ ထိတ်လန့်စရာအိပ်မက်မဟုတ်ပါဘဲ တစ်စုံတစ်ခုကို သူမစိုးရိမ်မိလာလေလျှင် ချက်ချင်း ကုတင်ပေါ်ကပြေးဖို့ကြိုးစားမိသည်။ သို့ပေမယ့်

" အ့ "

" မမလေး! "

ခွေခေါက်ကျသွားတဲ့ခြေထောက်ကနာကျင်မှုဟာ သူမသွေးကြောတွေအထိ စူးအောင့်နာကျင်လာသည်။ အဲ့ဒီ့တော့မှ သတိရမိတာက သေနတ်မှန်ထားတဲ့ခြေထောက်ကို ~~~ ။ ဒါဖြင့်ရင် သူမအတွက် ကာကွယ်ပေးခဲ့တဲ့သူကရော ...။

စိုးရိမ်စိတ်က နှလုံးအိမ်ကနေ ဆောင့်တက်လာသည်မို့ လာထူပေးတဲ့ suitအပြည့်နဲ့ မျက်နှာဖြူကောင်မလေးကို အားကိုးတကြီးကြည့်လိုက်မိသည်။

" ဂျီမင်~~ ပက်ဂျီမင်~~ အာ မဟုတ်သေးဘူး ... ဇက်! ဇက်ရော? ... သူ ဘာဖြစ်သွားသေးလဲ ... သူရော ဘယ်မှာလဲ သူဘယ်မှာလဲဟင် "

သွေးရူးသွေးတန်းမေးမိလိုက်ပေမယ့် ထိုကောင်မလေးကမဖြေ။ သူမကိုသာ ကုတင်ပေါ်ရောက်အောင် တွဲတင်ပေးသည်။ 

ပန်းလေးတစ်ပွင့်ကြွေသောအခါ ...Where stories live. Discover now