03.

596 108 22
                                    


* 𝗨𝗻𝗶𝗰𝗼𝗱𝗲 *
WAFF || When A Flower Fall...




" ဥက္ကဌကြီး... ဒါက ဒီနေ့ကျင်းပတဲ့ လပတ်အစည်းအဝေး ရလဒ်တွေပါ အစည်းဝေးအနှစ်ချုပ်ကတော့ ဒုဥက္ကဌက Tomorrow X Together ကုမ္ပဏီနဲ့ နောက်လ အလယ်ပိုင်းမှာ ကုန်ကြမ်းကိစ္စစာချုပ် ချုပ်ဆိုဖို့ရှိပါတယ် "

ဖိုင်တွဲကို စားပွဲရှေ့လှမ်းချရင်း ခပ်နောက်နောက်လေးပြောလာတဲ့ ချွဲယောင်းဂျွန်း။

"ဟဲ့ကောင်.... စကားကို လူလိုပြော"

"ကျွန်တော်က လူလိုပဲပြောနေတာပါ ဥက္ကဌကြီး "

" ဥက္ကဌကြီး လို့မခေါ်ဖို့ ဘယ်နှခါပြောရမလဲ "

ဂျီမင်တစ်ယောက် ခပ်တည်တည်လေးဟောက်လိုက်တော့ ယောင်းဂျွန်းမျက်မှောင်ကျုံ့ရင်းပြောလိုက်သည်။

"အစ်ကို လုပ်ပုံက ဟုတ်မှ မဟုတ်တာ.... ဒီချိန် ကုမ္ပဏီမှာဆိုရင် ရုံးခန်းထိုင်ရမယ့်အချိန်လေ အဲ့ဒီ့တော့ကျွန်တော်က ဥက္ကဌကြီးဆိုပြီးခေါ်ရမယ်မဟုတ်လား ....ဘယ်အချိန်ထိ လူမသိသူမသိတဲ့ CEO လုပ်နေမှာလဲ မမဆိုးဂျင်ကိုလည်း နည်းနည်းညှာဦး "


ယောင်းဂျွန်းစကားကြောင့် ပါးတွန့်ရုံမျှ ဂျီမင်ပြုံးလိုက်သည်...။ ယောင်းဂျွန်းကိုတော့မကြည့်ဖြစ်သေး...။ လက်ပ်တော့ထဲက CCTV မှတ်တမ်းကိုသာသေချာကြည့်နေမိသည်....။


" အစ်ကို.... ရေနံမှောင်ခိုကိစ္စက ပြင်သစ်ဘက်ခြမ်းက မဟုတ်ဘူး ကိုးရီးယားလူမျိုးတွေပါတယ်.... ဘယ်သူဆိုတာမသိသေးပေမယ့်စုံစမ်းနေတုန်းပဲ "


ယောင်းဂျွန်းစကားကြောင့် ကျွန်တော် CCTV မှတ်တမ်းကိုရပ်ကာ လက်ပ်တော့ကို ယောင်းဂျွန်းဘက်လှည့်ပေးလိုက်သည်။

"ယောင်းဂျွန်း.... အဲ့ဒီ့သူကိုသေချာစုံစမ်း... ပြီးတော့ သူ့နောက်ကွယ်က ဘယ်သူဆိုတာကိုပါ ရအောင်စုံစမ်းလာ... စတိုခန်းထဲက CCTVက သူထွက်လာပြီးနောက်ပိုင်း ဘာမှ မကျန်တော့တာ သံသယဖြစ်စရာအကောင်းဆုံးပဲ.."

ပန်းလေးတစ်ပွင့်ကြွေသောအခါ ...Where stories live. Discover now