08.

437 89 2
                                    


⟨ Unicode ⟩
* WAFF || When A Flower Falls... *

" ကိုကို ကိုကို ယွန်းမီသတင်းဘာကြားသေးလဲ ဟင် "

သူဝင်ဝင်လာချင်း ကုတင်ပေါ်ကနမ်စီကမေးလေတော့ သူမသက်မသာပြုံးလိုက်မိသည်။

" ရှာနေတုန်းပဲ နမ်စီ...  ပြီးတော့ မနက်ဖြန်  ဆေးရုံကဆင်းလို့ရပြီ ညီမလေး အိမ်မှာ အေးအေးဆေးဆေးပြန်နားကြတာပေါ့ ကိုကိုလဲ အတတ်နိုင်ဆုံးရှာနေပါတယ် "

စိတ်အပူလွန်နေတဲ့အခြေအနေကို ထိန်းပြီးပြောတော့ နမ်စီက မျက်ရည်ဝဲလာသည်။ တကယ်ဆို သူမှားတာ... အဲ့ဒီ့ညကတည်းက ယွန်းမီအနားမှာ ရှိနေရမှာ .. ... အခုတော့...


" ကိုကို... နမ်စီသိတယ် အဲ့ဒါ စီစီ့အမှားကြောင့် စီစီသာ သူနဲ့မပတ်သက်ခဲ့ဘူးဆိုရင် သူ ယွန်းမီကို ဒီလို ဆွဲထုတ်သွားမှာမဟုတ်ဘူး စီစီသိတယ် အဲ့ဒါပက်ဂျီမင်ကြောင့် အဲ့ဒါပက်ဂျီမင်းကြောင့်... "


နမ်စီကတော့ ယွန်းမီကိုဆွဲထုတ်သွားတဲ့သူဟာ ပက်ဂျီမင်လို့ပြောနေပေမဲ့ တကယ်သံသယဖြစ်စရာလူစာရင်းထဲမှာ မပါ။ ပက်ဂျီမင်းက သူနဲ့လဲမသိသလို ယွန်းမီနဲ့လဲအရမ်းခင်တဲ့သူမဟုတ်။ နမ်စီနဲ့သာ တစ်ခုခုငြိထားပုံရသည်။ယွန်းမီပျောက်သွားလို့ သွေးရူးသွေးတန်းဖြစ်နေတဲ့ ညီမဖြစ်သူနဲ့လဲ အတိုက်အခံမလုပ်ချင်တာကြောင့် သူဘာမှထပ်မပြောဖြစ်လိုက်တော့။ ငိုနေတဲ့ နမ်စီ့ကျောပြင်ကိုသာ ပွတ်သပ်ရင်း အချိန်တစ်ခုအထိကုန်ဆုံးစေလိုက်သည်။ ရင်ထဲမှာ မီးတောက်နေပေမဲ့ နှုတ်ကတော့ ဆိတ်ငြိမ်လျက်သား။ နမ်စီအိပ်ပျော်သွားပြီဆိုတာနဲ့ ယွန်းမီမေမေ မင်ဂျင်ဟေးဆီသွားဖို့အသင့်ပြင်ရတော့သည်။ ယွန်းမီ‌ေမ‌ေမလဲ သမီးပျောက်သွားတာကြောင့် နှလုံးရှော့ခ်ရခဲ့သူလေ။

နမ်စီ့အခန်းထဲကနေထွက်တော့ သူ့ခေါင်းက မိုက်ကနဲ့...။ သူနံရံကို အားပြုလိုက်သည်။
ဟုတ်တယ် ဒီရက်ပိုင်း ယွန်းမီကိစ္စနဲ့အရူးတစ်ပိုင်းလိုပူရ၊ နမ်စီနဲ့ မေမေ့ကြားမှာ ဗျာများလိုက်နဲ... ။ ကုမ္ပဏီကိစ္စကလဲ မေမေ့အစား တာဝန်ယူနေရတယ်ဆိုတော့ သူ့မှာ လုံလုံလောက်လောက်နားဖို့အချိန်မရှိ။

ပန်းလေးတစ်ပွင့်ကြွေသောအခါ ...Where stories live. Discover now