(Season 2)Pt.10

2.8K 303 7
                                    

[Zawgyi]

မီးရောင်စုံထွန်းထားတဲ့ ခြံဝင်းကြီးထဲမှာ သီချင်းသံများနဲ့အတူ စားကြသောက်ကြ ပျော်နေကြတယ် ပြောရမယ်ဆိုရင်
Rose ရဲ့ ခြံကျယ်ကြီးထဲမှာပေါ့~~

ရှောင်ကျန့်တို့သားအဖတစ်တွေလည်း ရောက်လာကြကာ ဝမ်လေးကတော့ လူစီ့ကိုရှာပြီး အိမ်ထဲမှာဆော့နေကြတယ်

"ကိုကို ဘာသောက်မလဲ ဝိုင်လား ဘီယာလား"

"ကိုကိုတော်ပြီ ကျန့်ကျန့်.."

"ကိုကိုကလည်း တစ်ခုခုတော့သောက်လေ.."

"အင်းးအာ့ဆို ဝိုင်ပဲ.."

"ဟုတ်ပြီ သွားယူခဲ့မယ်.."

..

ရိပေါ် ကမ်းပေးလာတဲ့ ဝိုင်ခွက်ကိုကိုင်ကာ
ဘူဖေးကျွေးတဲ့အစားအစာတွေကို တစ်ဝကြီးထိုင်စားနေတဲ့ ရှောင်ကျန့်ကို ကြည့်ရင်း ပါးစပ်သုတ်ပေးလိုက် ဖျော်ရည်ထည့်ပေးလိုက်နဲ့သာ

ထူးတော့ထူးဆန်းသည် ဘာလို့ဆို ရှောင်ကျန့် ရောက်ကတည်းက အစားပဲစားနေတာ ပြီးတော့ အရက်မပြောနဲ့ဝိုင်တောင် လက်မကမ်းတာကြောင့်ပင်

ရိပေါ်မေးချင်ပေမယ့် ခွင့်ပြုလိုက်တယ်ဖြစ်မှာစိုးလို့ ဘာမှမပြော မသောက်တာလဲ ကောင်းတာပဲမဟုတ်လား

"ကိုကို~~ကိုကို~~"

"ဟမ်...ဟင်.."

"ဘာတွေစဉ်းစားနေတာလဲ.. ခေါ်တာတောင်မကြားဘူး"

"ဘာမှမဟုတ်ပါဘူး~~"

ရိပေါ် ဆီပေနေတဲ့ ရှောင်ကျန့်ပါးစပ်လေးကိုသုတ်ပေးကာ စကားဆက်ပြောလာတယ်

"အော်...ဒါနဲ့ ဒီကပြန်ရင် ဝမ်လေးကို အမေ့ဆီဝင်ပို့ရအုံးမယ်.."

"အမေက ဒီရောက်နေတာလား"

"အင်းး အစည်းအဝေးရှိလို့ လာတာ"

"တိုက်ခန်းမှာလားး အိမ်လာမအိပ်ပဲနဲ့ကို.."

"ကိုကိုခေါ်ပါတယ် အမေက မလာတာ တိုက်ခန်းမှာကပိုလွတ်လပ်တယ်တဲ့ "

"ဝမ်လေးကိုပြောပြီးပြီလား "

"အင်းးပြောပြီးပြီ.."

"စားလို့ကောင်းလိုက်တာ~~ဗိုက်တောင်တင်းသွားပြီ"

"အိမ်ကလည်း အမဲသားထမင်းကြော်စားခဲ့တာကို ဝင်တယ်နော် အစာမကျေပဲနေမယ် "

Room No.622 (Completed)(Season 1+2)Where stories live. Discover now