Part 14

5K 534 19
                                    

[Zawgyi]

"သမီးတို့နှစ်ယောက် သူငယ်ချင်းအနေနဲ့ ခင်မင်လာတာလည်းကြာပြီ တစ်ယောက်အကြောင်းလည်းတစ်ယောက်သိနေပြီဆိုတော့ မေမေကတော့ သမီးတို့နှစ်ယောက်ကို လက်ထပ်ပေးချင်တယ်"

ရှောင်မားက အမေဖြစ်သူစကားကို အလိုမကျဟန်ပြန်ဖြေတယ်

"မေမေကလည်း သမီးတို့ကသူငယ်ချင်းတွေလေ"

"အသက်တွေလည်းငယ်ကြတော့တာမှမဟုတ်တာ အိမ်ထောင်ပြုရမယ့်အရွယ်ရောက်ပြီလေ မေမေကတော့ သားဝမ်နဲ့ပဲသဘောတူတယ်"

"မေမေ...သမီးမှ..."

"မေမေစကားပဲနားထောင်.."

မငြင်းသာတဲ့အဆုံးစေ့စပ်ပွဲကိုလက်ခံလိုက်ရတယ်

..

တစ်ဖက်ကလည်း စေ့စပ်ပွဲကိုလက်ခံလိုက်တာကြောင့် ရှောင်မား သူငယ်ချင်းဖြစ်သူဆီသွားကာ

"နင့်မှာလည်းချစ်သူနဲ့ ငါ့မှာလည်းချစ်သူနဲ့ကို နင်ကဘာလို့လက်ခံလိုက်ရတာလဲ နင်ဖျက်လိုက်ရင် ကိစ္စကပြီးနေပြီကို "

"ငါလည်းဘယ်လက်ခံချင်ပါ့မလဲ အားလီရာ..ပါးနဲ့မားက နင့်ကိုလက်ထပ်ရင် ရိဖေးမိဘတွေရဲ့အကြွေးတွေ အကုန်ချေပေးမယ်တဲ့လေ"

"နင့်ကောင်မလေးအကြွေးကျေရုံနဲ့ ငါ့ကိုလက်ထပ်မလို့လား ငါနဲ့ အကိုရှောင်းကရော ငါတို့ကိစ္စဘယ်လိုလုပ်ရမလဲ"

"ငါလည်းနင့်ကိုယူမယ်ပြောမိလို့လား..
အခုဟာကစေ့စပ်ပွဲလေးတင်လေ သူ့အကြွေးတွေကျေသွားပြီးရင် ငါကသူ့ကိုခိုးပြေးပြီး တစ်ခြားမြို့ပြောင်းတော့မှာ"

"အားယားလက်စသတ်တော့နင်ကအကြံနဲ့ကိုး..
ငါလည်း ခိုးပြေးခိုင်းတာ အကိုရှောင်း လူအ,ကြီးက မခိုးရဲဘူးတဲ့လေ.."

"ငါရိဖေးကိုခိုးပြေးလိုက်ရင် နင်တို့အဆင်ပြေမှာပါ"

"နင်ခိုးပြေးရင်ငါလည်း ငါ့မျက်နှာကြီးလူကြီးတွေရှေ့ မပြချင်ပါဘူး အစ်ကိုရှောင်းငါ့ကိုမခိုးရင် ငါသူ့ကိုခိုးမှာ ပြီးရင်နယ်ပြောင်းနေမယ် "

"..."

"အားဝမ် ငါတို့မိဘမျက်နှာကိုအိုးမဲသုတ်ခဲ့ကြပေမယ့်
နောက်ကျရင် ငါတို့ကလေးတွေကိုပေးစားပြီး ဆွေမျိုးတော်စပ်ပေးလိုက်ရင် မိဘကျေးဇူးဆပ်ပြီးသားဖြစ်သွားမယ် မဟုတ်လား"

Room No.622 (Completed)(Season 1+2)Where stories live. Discover now