[Zawgyi]
ရိပေါ် ရှောင်ကျန့်အနားကပ်သွားလိုက်တော့
"မလာနဲ့...အနားမတိုးခဲ့နဲ့"
"..."
ငြင်းလိုက်တာလားအခု မလာနဲ့တဲ့လား
"ကောသိပါတယ်....ကျန့်ကျန့်ရဲ့အဖြေကိုလည်း ကောလက်ခံပါတယ်...ကောလည်းမညာချင်တော့ဘူး
အခုလိုအမှန်အတိုင်းပြောလိုက်လို့ ကျန့်ကျန့်စိတ်ထဲ ကောကိုမုန်းးးးးအွင့်.."ရှောင်ကျန့်ရိပေါ်စကားမဆုံးခင်မှာပင် ရုတ်တရက်ဆိုသလို နမ်းခမ်းပါးလေးပြေးကပ်ကာ နမ်းလိုက်တယ်
*ဟုတ်တယ်လေ လူကရည်းစားစကားပြောခံရတဲ့ကောင်မလေးလို ရှက်လွန်းလို့ ရင်တွေလည်းခုန်နေပြီ ဒါကိုအနားကပ်လာတော့ ပြောမိပြောရာပြောလိုက်တာပေါ့ အခုလို စိတ်မကောင်းတဲ့လေသံကြီးနဲ့ ဇာတ်နာပြနေတာကို
နဂိုတည်းက စိုက်ကြည့်နေရတဲ့အဲ့နှုတ်ခမ်းက ဆူဆူနေတာ မှတ်ကရောပဲ မသိတော့ဘူး နမ်းလိုက်ပြီ*"အွင့်.."
"ကျန့်...ကျန့်ကျန့် ကောကိုအခုနမ်းလိုက်တာလား အိပ်မက်မဟုတ်ပါဘူးနော်"
"မသိတော့ဘူးဗျာ ဝမ်ကောကောနှုတ်ခမ်းက နမ်းချင်စရာ...ဟာဗျာ....မသိဘူးး မသိတော့ဘူးး ဆက်မမေးနဲ့တော့ဗျာ.."
ရိပေါ်သူ့ရှေ့ကရှက်ရမ်းရမ်းနေတဲ့ ကောင်လေးကို အူယားလွန်းလို့ ရင်ခွင်ထဲဆွဲထည့်လိုက်တယ်
"အင်းမမေးတော့ဘူး....."
ကုတင်ပေါ်မှာထိုင်ပြီး ရင်ခွင်ထဲမျက်နှာဝှက်ထားတဲ့ ရှောင်ကျန့် ကတော့ ရှက်လွန်းလို့ထင်ပါရဲ့ အသံတောင်မထွက်
"ကောကိုချစ်တယ်လို့ပြောပေးပါ့လားဟင်"
"..."
"ကောတကယ်ကြားချင်လို့ပါနော်"
".."
ရှောင်ကျန့်ဘက်မှ ဖြေသံမထွက်လာ ရင်ခွင်ထဲခေါင်းဝှက်ကာ ငြိမ်သက်နေတယ်
"ဟင်...အိပ်ပျော်သွားတာလား..."
ရိပေါ် ရင်ခွင်ထဲကခွာကြည့်တော့ အိပ်ပျော်နေတယ်
ကိုယ်လေးက နွေးနွေးလေးဖြစ်နေတာရယ် ဆေးသောက်ထားတဲ့အရှိန်ရယ်ကြောင့်ဖြစ်ပုံရသည်
နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်လို့နေတယ်
YOU ARE READING
Room No.622 (Completed)(Season 1+2)
Fanfiction"ဝမ်ကောကော ကျန့်ကျန့်ကို ကျိတ်ကြိုက်နေတာလား.." "မဟုတ်ဘူးးးးးးမင်းကို ချစ်တာ.....သိပြီလားးးငတုံးလေးးး"