(ဖျောက်ဖျက်ခံလိုက်ရသော မှတ်ဉာဏ်များ - ၁)

126 14 6
                                    

Unicode

(ဖျောက်ဖျက်ခံလိုက်ရသော မှတ်ဉာဏ်များ - ၁)

ရှေးရီရှူသည် နှစ်တစ်ထောင်တွင် တစ်ယောက်လောက်သာ ပိုင်ဆိုင်နိုင်သော ငွေမှင်ရောင်လိပ်ပြာများနှင့် မွေးဖွားလာသော ကလေးတစ်ယောက်ဖြစ်သည်။ ထို့အပြင် ရှေးရီဝမ်သည် တစ်ခြားဘုရင်များကဲ့သို့ ကိုယ်လုပ်တော်များ၊ မိဖုရားများ မရည်တွက်နိုင်အောင်ရှိသော ဘုရင်မျိုး မဟုတ်။ ရှေးရီရှူ၏မယ်တော်ယွဲ့ကွန်းရှ နှင့် ငယ်ချစ်များဖြစ်ပြီး မိဖုရားဆိုလို့လည်း သူတစ်ယောက်သာ ရှိသည်။ တစ်ယောက်နှင့် တစ်ယောက်လည်း အလွန်ချစ်ခင်ကြပြီး နွေးထွေးသော စုံတွဲတစ်တွဲဖြစ်သည်။

[Yuèguāng xià = Under The Moonlight]

ရှေးရီရှူက ငယ်စဥ်ကတည်းက စကားနည်းသော ကလေးတစ်ယောက်ဖြစ်သော်လည်း ခမည်းတော်၏ချစ်ခြင်းမေတ္တာနှင့် မယ်တော်၏နွေးထွေးသောအပြုံးများကို လုံလောက်အောင် ပိုင်ဆိုင်ရရှိခဲ့သောကြောင့် သူ့နှလုံးသားက အေးခဲမနေခဲ့ပေ။ နွေးထွေးသော ချစ်ခြင်းမေတ္တာနှင့် လုံခြုံသောမိသားစုကို သူပိုင်ဆိုင်ခဲ့သည်။ ပျော်ရွှင်ခဲ့ရသည်။ သို့သော် တစ်ရက်တွင် ထိုအရာအားလုံးသည် ပျက်စီးခဲ့ရသည်။

ပိုးထည်အရင်းခံအိမ်တော်မှ အကြီးအကဲ​စေးဟေ့စေ့သည် ရှေးရီရှူ၏မိဘများနှင့် ငယ်သူငယ်ချင်းများဖြစ်ကြသည်။ သုံးယောက်သား အတူကြီးပျင်းလာကြ၊ အတူပညာသင်လာကြ၊ အတူမှော်ဝင်သတ္တဝါတွေရဲ့ သခင်အဖြစ် ခံယူတိုက်ခိုက်လာကြတာ ဖြစ်သည်။ ရှေးရီဝမ်နန်းတက်တော့ စေးဟေ့စေ့လည်း အိမ်တော်၏ သားအကြီးဆုံးဖြစ်သည့်အလျောက် အိမ်တော်အကြီးအကဲ ဖြစ်လာခဲ့သည်။ သူတို့သုံးယောက်သည် အလွန်ခင်မင်ရင်းနှီးပြီး နီးကပ်သော ဆက်ဆံရေးရှိကြသည်။ ရှေးရီရှူအတွက်လည်း စေးဟေ့စေ့သည် ဦးရီးတော် အရင်းတစ်ယောက်လိုပင် ဖြစ်သည်။

တစ်နေ့တွင် အကြီးအကဲ စေးဟေ့စေ့(Sī Hēi Sè = Silk Black)သည် အလွန်စိတ်သောက ရောက်နေသောပုံဖြင့် နန်းတော်ထဲဝင်လာပြီး ရှေးရီရှူ၏ခမည်းတော်နှင့်မယ်တော်အား အကူအညီတစ်ခု တောင်းခံခဲ့သည်။ စေးဟေ့စေ့၏မိဘများသည် သူ ငယ်ရွယ်စဥ်မှာပင် သေဆုံးသွားခြင်းဖြစ်ပြီး သူ့တွင်ရင်းနှီးသော မိသားစုဝင်ဆိုလို့ ညီမလေးတစ်ယောက်သာ ကျန်ရစ်ခဲ့သည်။ တစ်ခြား ဦးလေး၊အဒေါ်၊ဝမ်းကွဲများသည် တစ်ချိန်လုံး အိမ်တော်အကြီးအကဲနေရာကို မျက်စောင်းထိုးနေသော အိမ်တွင်းရန်သူများသာဖြစ်ကြသည်။ တစ်ဦးတစ်ယောက်မှ စေးဟေ့စေ့၏အရည်အချင်းကို မမှီနိုင်၍ ငြိမ်နေရခြင်းဖြစ်သည်။ ရရင်ရသလို အမျိုးမျိုးအကောက်ကြံနေကြသူများဖြစ်သည်။

Strangest One That I've Never Seen BeforeWhere stories live. Discover now