Side Chapter

103 10 2
                                    

Unicode

Side Chapter

ရှေးရိပြည်၏ နက္ခတ်ကြည့်ဆရာမသည် အရှင်သခင်ရှေးရီဝမ်၏ နန်းဆောင်အတွင်းသို့ ကရောသောပါး ဝင်ရောက်လာခဲ့သည် ။

"အရှင်.. အရှင်.. မကောင်းတော့ဘူး ။ "

"မင်းသားလေးရဲ့ ကြယ်တာယာမှာ ဖူးစာကြိုးနီက ယောကျာ်းတစ်ယောက်ဆီ သွယ်တန်းသွားပါတယ် ။ "

ရှေးရီဝမ်သည် စိတ်မဝင်စားသကဲ့သို့ စာအုပ်တစ်အုပ်ဖတ်နေရာမှ အတန်ကြာအေးခဲတောင့်တင်းသွားခဲ့သည် ။ တုန်လှုပ်မှုကို ဖုံးကွယ်ထားချင်သော်ငြား မျက်တောင်ရှည်များ တဆတ်ဆတ်တုန်ယင်နေမှုအား မထိန်းချုပ်နိုင်ခဲ့ပေ ။

အချိန်အတန်ကြာမှ ဆုံးဖြတ်ချက်ချပြီးသလို ပြောလာခဲ့သည် ။

"ဖြတ်တောက်လိုက်ပါ အဲ့ရေစက်ကို ။"

နတ်ဆရာမ၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများအပြင် ထိတ်လန့်မှုများပါ ထပ်တိုးထင်ဟပ်လာခဲ့သည် ။ သတ်မှတ်ထားသော ကံကြမ္မာများကို မည်သူ့မှာမှ ပြင်ဆင်ခွင့်မရှိပေ ၊ စည်းကမ်းချိုးဖောက်၍ ပြင်ဆင်လျှင်လည်း ကြီးမားသောအဖိုးအခ ပေး​ချေရလိမ့်မည် ။ ရှေးရိပြည်၏ အရှင်သခင်တစ်ယောက်အနေဖြင့် သူလည်း ထိုအရာများကို သိပြီးသားပင်ဖြစ်ပါသည် ။

"ဒါပေမယ့် အရှင် ၊ အဲဒါက တားမြစ်မှော်ပညာ-"
"အဖိုးအခကို ငါပဲပေးချေမှာပါ ၊ သူများကို မထိခိုက်စေရပါဘူး ။"

"......"
"ငါ့ရဲ့ သက်တမ်းဆယ်နှစ်စာကို ယူပြီး အမြန်ဆုံး လုပ်ဆောင်လိုက် ။"

"အရှင်!"
"ငါရီအာအတွက် တာဝန်ကျေတဲ့အဖေတစ်​ယောက် မဖြစ်နိုင်ခဲ့ဘူး ။ ဒီသက်တမ်းလောက်ကို မပေးနိုင်စရာမရှိ​ပါဘူး ။"

နတ်ဆရာမရဲ့ အထိတ်တလန့်အော်သံအဆုံး ရှေးရီဝမ်က အပြုံးဖျော့ဖျော့ဖြင့် ပြောလာခဲ့သည် ။

"ကောင်းပါပြီ ။"

နတ်ဆရာမသည် သက်ပြင်းအသာချ၍ အစီအစဥ်အား ပူးပေါင်းရန် တိုင်ပင်လာခဲ့သည် ။

"ဖူးစာကြိုးနီက အခုမှစချည်ရုံမို့ ဖုံးဝှက်ထားဖို့ရာ သိပ်မခက်ခဲသေးပါဘူး ။ ပိုပြီးထင်းရှင်းတောက်ပမလာစေဖို့ တစ်ခုတည်းသော နည်းလမ်းက တစ်ဖက်သူရဲ့မှတ်ဉာဏ်ကို ဖျောက်ဖျက်ပစ်လိုက်တာပဲ ရှိပါတယ် ။ "

Strangest One That I've Never Seen BeforeDove le storie prendono vita. Scoprilo ora