(နတ်ဘုရားကဲ့သို့လှပသောအဆင်း၊နှင်းကဲ့သို့ဖြူဖွေးသောအသားအရည်)

190 26 3
                                    

Unicode

(နတ်ဘုရားကဲ့သို့လှပသောအဆင်း၊နှင်းကဲ့သို့ဖြူဖွေးသောအသားအရည်)

"အရှင့်သား.. နန်းတော်က သတင်းပို့ပါတယ်။ ဒီနေ့က လပြည့်ညဖြစ်ပြီး အချိန်အခါကောင်းမို့ ဧကရာဇ်ရဲ့ ၆၉ နှစ်မြောက်မွေးနေ့ကို စောပြီး ကျင်းပပါမယ်တဲ့။ နန်းတော်ကိုပြန်လာခဲ့ဖို့ အမိန့်တော်ပါးလိုက်ပါတယ်။"

ဖုန်းချင့်က သတင်းစကားပို့ ဇီးကွက်ဖြူဆီမှ စာအား ဖတ်ပြီး ပြန်ပြောသည်။

"ကျွတ်စ်.. စိတ်ရှုပ်လိုက်တာ။ မနက်ကမှထွက်လာတာကို။"

အရှင့်သားက မျက်မှောင်ကြုတ်၍ စိတ်ပျက်လက်ပျက် ငြီးတွားသည်။ ဖုန်းချင့်ကတော့ ဘာမှမတတ်နိုင်သည့် အကြည့်ဖြင့်။

"သြော်... ပြီးတော့ ဒီတစ်ခေါက်ပွဲတော်မှာ ရှေးရိပြည်က ဖိတ်ကြားမှုကို လက်ခံပြီး ဘုရင်မင်းမြတ်နဲ့ အိမ်ရှေ့စံက ပွဲတော်တက်ရောက်မယ်လို့ ပြောသေးတယ်။"

အရှင့်သားက အံ့သြသွားဟန်ခဏပြပြီး ခေါင်းတစ်ချက်ငြိမ့်လို့ မြင်းထိန်းထံသို့ ရှေ့ကထွက်သွားတော့သည်။

••••
ရှေးရိပြည်သည် ဒဏ္ဍာရီလာ မှော်တိုင်းပြည်တစ်ခု ဖြစ်သည်။ ဆယ့်နှစ်ပြည်ထောင်ထဲတွင် ဧကရာဇ်လက်အောက် မဝင်သည့် တစ်ခုတည်းသော တိုင်းပြည်လည်း ဖြစ်သည်။ သာမန်စစ်ဗျူဟာ၊စစ်အင်အားဖြင့် သိမ်းယူလို့မရသော တိုင်းပြည်တစ်ခု ဖြစ်သည့်အပြင် ငြိမ်းချမ်းသော သဘောထားရှိ၍ ဘာမှန်းမသိသည့် အန္တရာယ်ထဲ တိုးမဝင်တာ အကောင်းဆုံးဆိုသလို ဧကရာဇ်ကလည်း လက်လွတ်စပယ် သွားမထိချေ။ ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းထားသည်။

ဘယ်တိုင်းပြည်ကမှ မတတ်မြောက်သော မှော်ပညာသည် ရှေးရိပြည်၏ အဓိက သော့ချက်ဖြစ်ပြီး အလွန်အင်မတန် လျှို့ဝှက်သည့် တိုင်းပြည်လည်း ဖြစ်သည်။ သူတို့ဆီကလည်း ဘာမှမတင်ပို့သလို ကျန် ၁၁ ပြည်ထောင်မှလည်း မည်သည့်ပစ္စည်းမှ မတင်သွင်း။

တိုင်းပြည်အကြောင်း တည်နေရာအပြင် အတိအကျသိရတာ ဘာမှမရှိပါချေ။ ဧကရာဇ်တောင် ရှေးရိပြည်၏ အတွင်းပိုင်းတွင် မည်သို့မည်ပုံ ဖွဲ့စည်းထားသည် ဆိုတာကို မသိနိုင်။ မြို့ရိုးမှာတင် မှော်အစီအရင်များ ချထားပြီး ရှေးရိပြည်သူ၊ပြည်သား မဟုတ်သည့် သူများ ဝင်ခွင့်လုံးဝမရှိပေ။ ရှေးရိသူ၊ရှေးရိသားများကလည်း မလိုအပ်လျှင် မြို့ပြင်မထွက်ကြ။ ထွက်ကြလျှင်တောင် ရုပ်ဖျက်၍ မသိမသာ သာမန်လူတွေကြားထဲ တွေးဝှေ့ပျောက်ကွယ် နေတတ်သည်ဟု ဆိုသည်။ မည်သူမှ ခွဲခြားမသိနိုင်။

Strangest One That I've Never Seen BeforeKde žijí příběhy. Začni objevovat