(အပြောင်းအလဲ မြန်သော မျက်နှာဖုံးများနှင့် စိတ်ရင်းအမှန်)

118 11 30
                                    

[Unicode]

{အပြောင်းအလဲ မြန်သော မျက်နှာဖုံးများနှင့် စိတ်ရင်းအမှန်}

ဒါက အကြိုစကားကမ်းလှမ်းချက်ဖြစ်၍ အသေးစိတ်တိုင်ပင်ရန် မလိုသေးပါချေ ။ နှစ်ဦးနှစ်ဖက်အဆင်ပြေပြီဆို မင်္ဂလာပွဲအတွက် နောက်ညီလာခံမှဖြစ်စေ ၊ မင်းသားနှစ်ပါးအချင်းချင်းပဲဖြစ်စေ အေးဆေးတိုင်ပင်ကြလိမ့်မည် ။ ထို့ကြောင့် ဧကရာဇ်က ခေါင်းငြိမ့်ပြအပြီးတွင် ပွဲတော်အတွင်းရှိ လူများ စကားတွေပြောရင်း ပြန်ဆူညံလာကြပြန်သည် ။

ဝမ်ရွှီးချန်အံ့သြသွားရ၏ ။ စောနက ရှေးရီရှူ၏စကားသံကို သူတစ်ယောက်ထဲ ကြားလိုက်ခြင်းလေလား? ဘယ်သူကမှ ဘာမှကြားလိုက်ပုံ မရချေ ။ ဖုန်းရှင့်ကတစ်ဖက်မှ ရှေးရီရှူဆီလှမ်းကြည့်နေတာတွေ့လို့ သူများကြားလိုက်လားလို့ လှမ်းကြည့်လိုက်တော့လည်း သူကအိမ်ရှေ့စံရှေးရီရှူ၏သက်တော်စောင့်နှင့် အကြည့်ချင်းစစ်ဖြစ်နေတာပင် ။

ရှေးရီရှူသည်လည်း သူဘာမှမမေးခဲ့သလို ၊ ဘာအဖြေမှမလိုအပ်သလိုမျိုး အသာမျက်လွှာချ၍ အရှေ့မှအစားအစာများကို ဇီးပန်းပုံရေးဆွဲထားသော ဝါးတူရှည်များဖြင့် တို့ထိနေသည် ။ သူပဲ အထင်မှားမိလေခြင်းလား ။ ဝမ်ရွှီးချန် မိမိကိုယ်မိမိ ကြိတ်၍ဆူမိသည် ။ အဘယ်ကြောင့် သည်အသက်အရွယ်ကြီးရောက်မှ အခုလို ကလေးကလား လာဖြစ်နေရပါသနည်း ။ စိတ်နှလုံးပင် တဒိတ်ဒိတ်ခုန်လှုပ်လာလိုက်​သေးသည် ။

"အားလုံးပဲ..."
ဝမ်ရွှီးချန် အတွေးထဲ နစ်မျောနေတုန်း ခမည်းတော်ဆီကအသံထွက်လာပြန်သည် ။

"ဒီဧကရာဇ်အိုကြီးမှာ အသိပေးစရာ ရှိပါသေးတယ် ။ တကယ်တော့ ကိုယ်တော်က အသက်အရွယ် ကြီးရင့်လှပါပြီ ။ စိတ်ကဆောင်ပေမယ့် ကိုယ်ကမလိုက်နိုင်တော့ပါဘူး ။ အေးအေးချမ်းချမ်းပဲ နေချင်ပါတော့တယ် ။"

ဧကရာဇ်၏ စကားရိပ်သမ်းနေမှုကြောင့် မှုးမတ်အိုကြီးတွေ အံ့သြရပြန်သည် ။ အဘယ်နှယ့်ကြောင့် သည်ဧကရာဇ်နှင့် အိမ်ရှေ့စံက သူတို့ကိုတစ်ခွန်းမှ မတိုင်ပင် အသိမပေးဘဲ စိတ်ရှိသလို လုပ်နေရပါသနည်း ။ အထွန့်မတက်ရဲသော်လည်း ရင်တွေ နာလာရသည် ။ အရှင်တို့က မိမိတို့အား တစ်စက်မှ အလေးအနက်မထားလေခြင်း ။ ကိုယ့်နန်းတွင်းအရေးကို လက်အောက်ခံပြည်နယ်များနှင့်မှ အတူသိခွင့်ရရတယ်လို့ ။ အခွင့်သာရှိလျှင် သည်အမတ်အိုကြီးများသည် နန်းရင်ပြင်တွင် ဒူးထောက် ရင်ဘတ်စည်တီး၍ ငိုမိမည်သာ ။

Strangest One That I've Never Seen BeforeWhere stories live. Discover now