🍓

98 5 0
                                    

Hello...
ဒါလေးကို ခရီးသွားဟန်လွဲဝင်​ကြည့်သွားခဲ့တဲ့သူတွေများတယ်ဆိုတာ ဒိုင်ယာနာသိပါတယ်။ ဒါပေမယ့် တကယ်သဘောကျလို့ စောင့်ပြီးဖတ်ပေးတဲ့သူဆိုရင်တော့ ဒီစာလေးကိုအဆုံးထိဖတ်ပေးစေချင်ပါတယ်။

ဒိုင်ယာနာက ဝတ္ထုတိုရေးတဲ့သူပါ။ ဒါကဒိုင်ယာနာ့အတွက် တကယ့်စိန်ခေါ်မှုကြီး ဖြစ်ပါတယ်။ အစကတော့ ဝတ္ထုဖတ်ရင်း ဇာတ်ကောင်တစ်ခုအပေါ် မကျေနပ်ချက်တွေ ထုတ်ရေးချင်ရာက အပိုင်းတစ်ကို စခဲ့တာပါ။ စိတ်ပါမှ ဝင်ရေးမယ်ပေါ့လေ။ အဲ့ကနေ သဘောကျပေး၊ review ရေးပေးတော့ ဒိုင်ယာနာအားနာစိတ်ဝင်လာပါတယ်။ ငါလေးစားသမှုရှိသင့်တယ်၊ ပေါ့ပျက်ပျက်လုပ်တာရပ်သင့်ပြီဆိုပြီး တွေးမိလာတယ်။ ကြိုးစားရေးကြည့်ချင်လာတယ်။

အဲ့ဒါကြောင့် ဒိုင်ယာနာ ဇာတ်ကောင်နာမည်တွေနဲ့ ဇာတ်လမ်းအကျဥ်းကို စာအုပ်ထဲ အစီအစဥ်ပြန်ချ၊ လိုအပ်နေတာတွေဖြည့်ပြီး အသစ်ပြန်ပြင်ခဲ့ပါတယ်။ ဒါပေမယ့် ဒိုင်ယာနာ့အတွက် ရေးရခက်ခဲနေတုန်းပါပဲ။ ဒိုင်ယာနာက အချက်အလက်စုဆောင်းမှုပိုင်းမှာ အားနည်းပြီး လေ့လာရတာပျင်းလို့ အကုန်လုံးကိုစိတ်ကူးယဥ်ပစ်မလို့ ဆုံးဖြတ်လိုက်ပါတယ်။ တစ်ပိုင်းတစ်ပိုင်းရေးဖို့ဝင်လိုက်ပြီဆို တစ်နေကုန် ခေါင်းပေါက်ထွက်မတတ်စဥ်းစား ရှေ့ကအခန်းတွေနဲ့ ဆက်စပ်မိအောင် ရှေ့အခန်းတွေကို ပြန်ပြင်နဲ့ မနည်းကြိုးစားရေးယူရပါတယ်။

ဖတ်လက်စဝတ္ထုတွေကိုလည်း ရပ်ထားရပါတယ်။ ရှေးခေတ်ကို လုံးဝမကိုင်ရဲပါဘူး။ စိတ်ထဲစွဲပြီး အဲ့အတိုင်းလိုက်ရေးမိမှာ ကြောက်လို့ပါ။ ဒိုင်ယာနာက တစ်ခုခုကိုအစပြုလို့ တွေးမိသွားတယ်ဆိုရင်တောင် ဒါကဒါကြောင့်တွေးမိတယ်လို့ ထည့်ပြောတဲ့လူပါ။ ခေါင်းထဲစွဲနေတဲ့စာသားတွေ ချရေးမိမှာ တကယ်ကြောက်ပါတယ်။ ကူးမိသလိုဖြစ်သွားမှာ သိပ်စိုးပါတယ်။ အဲ့ဒါကြောင့် ဒိုင်ယာနာလေ့လာမှုကို ရပ်ထားပြီး လုံးဝမဖတ်တာပါ။

ဒိုင်ယာနာရဲ့အတွေးကို ရှင်တို့ရှုပ်နေမလားလည်း တွေးပူရပါတယ်။

တစ်ပိုင်းတင်ဖို့ မူးခါနေအောင် ခေါင်းပူတဲ့အထိ တွေးပါတယ်။ အဲ့မှာ တင်ပြီးသားကို ခဏခဏပြင်မိတာ၊ မှားရေးမိတာ၊ ဇာတ်လမ်းကတစ်မျိုးဖြစ်နေတာ၊ အချိန်ကြာတာ စသည်စသည် အားနည်းချက်တွေ အများကြီးရှိလာရပါတယ်။

Strangest One That I've Never Seen BeforeWhere stories live. Discover now