(ဖျောက်ဖျက်ခံလိုက်ရသော မှတ်ဉာဏ်များ ၂)

121 14 11
                                    

Unicode

(ဖျောက်ဖျက်ခံလိုက်ရသော မှတ်ဉာဏ်များ ၂)

"ဒီနေရာမှာပဲ စခန်းချကြမယ်။"

ငယ်ရွယ်ပုံရသော အမျိုးသားတစ်ယောက်သည် မြင်းပေါ်မှ နောက်လှည့်၍ တစ်ခြားမြင်းပေါ်ရှိ လူကို အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါစစ်သူကြီး။"
"စခန်းချမယ်!"

ထိုသူသည် အလျင်အမြန်ပဲ ခေါင်းငြိမ့်၍ နောက်မှစစ်သည်တော်တန်းကြီးအား တစ်ဆင့်အမိန့်ပေးလိုက်သည်။

စစ်သူကြီးဟု အခေါ်ခံရသော အမျိုးသားသည် စိတ်ရှုပ်နေပုံပေါက်ပြီး နုနယ်သောမျက်နှာပေါ်တွင် ခပ်မြင့်မြင့်စုစည်းထားသော ဆံပင်များမှ အချို့တစ်ဝက်သည် မျက်နှာပေါ်သို့ ဟိုသည်ကျဆင်းနေသည်။ နေအနည်းငယ်လောင်ထားသော အသားအရည်နှင့် ထိုအမျိုးသားသည် ငယ်ရွယ်သည့်ပုံပေါ်သောငြား ရှည်လျားသောအရပ်၊ ကြံ့ခိုင်တောင့်တင်းသောခန္ဓာကိုယ်၊ သေသပ်သောကိုယ်နေဟန်ထားနှင့် တွန့်ချိုးထားသောမျက်ခုံးများ အားလုံးကိုပေါင်းစပ်လိုက်သောအခါ အေးစက်ပြီး တင်းမာသော အရှိန်အဝါထွက်ပေါ်​နေသည်။ ခါးမှာ ချိတ်ဆွဲထားသော ငွေရောင်ဓားအိမ်သည် နေရောင်နှင့် ထိခတ်မိသောအခါ တဖျက်ဖျက်လက်လာသည်။

မြင်းပေါ်မှ လွှားခနဲခုန်ဆင်းလိုက်သော ထိုအမျိုးသားကို လက်ညှိုးထိုးပြီး ဒါဘယ်လိုလူဖြစ်နိုင်သလဲဟု မေးလျှင် မည်သူကမှ ပေါ့ပါးသော ဆယ်ကျော်သက်ကောင်လေးလို့ ဖြေကြမှာမဟုတ်။ သွေးအေးထက်မြက်ပြီး အန္တရာယ်များသောလူတစ်​ယောက်ဟုသာ မြင်ကြလိမ့်မည်။ အဖြူရောင်ဂျိုးငှက်မှ သယ်ဆောင်သော သတင်းစကားများသည်လည်း ရန်သူ၏လတ်ဆတ်သောသွေးနံ့များနှင့်အတူ နေရာအနှံ့သို့ ဆောင်းလေသကဲ့သို့ အရှိန်အဟုန်ပြင်းပြင်း ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။

ထိုသူသည် ဧကရာဇ်တိုင်းပြည်၏အိမ်ရှေ့စံ၊ အသက် ၁၇နှစ်ဖြင့် ကိုယ်တိုင်ဗျူဟာဆွဲ၊ ဦးဆောင်၍ ရှူပြည်ကိုသိမ်းပိုက်နိုင်ခဲ့ပြီး တင်းကြပ်သော ဧကရာဇ်ပြည်ထောင်စု၏ စစ်တပ်တစ်ခုလုံးမှ စစ်သူကြီးအဖြစ် အသိအမှတ်ပြု ဦးညွတ်မှုကို ရရှိခဲ့​သော စစ်မြေပြင်တွင် နတ်ဆိုးစစ်သူကြီးဟုပင် အမည်တွင်နေသည့် ဝမ်ရွှီးချန်ပင်ဖြစ်သည်။

Strangest One That I've Never Seen BeforeWo Geschichten leben. Entdecke jetzt