(အပေး ၊ အယူ)

161 21 3
                                    

Unicode

(အပေး ၊ အယူ)

"အရှင့်သား.. ဧကရာဇ်က အခစားဝင်ဖို့ အမိန့်ပေးလိုက်ပါတယ်။"

အိမ်ရှေ့စံနန်းဆောင်သို့ ပြန်ရောက်ရောက်ချင်း ခမည်းတော်၏နန်းဆောင်မှ လာရောက် သတင်းပို့သောကြောင့် ဝမ်ရွှီးချန် ဖုန်းချင့်နှင့်အတူ ဧကရာဇ်နန်းဆောင်ဘက်သို့ သွားရောက်ရတော့သည်။

"အရှင်ဧကရာဇ် အိမ်ရှေ့စံမင်းသားအခစားဝင်လာပါပြီ။"

"အင်း အိမ်ရှေ့စံတစ်ယောက်ထဲကို ဆင့်ခေါ်လိုက်ပါ။"

ခမည်းတော်၏ စကားကြောင့် ဝမ်ရွှီးချန် ဖုန်းချင့်ကိုအပြင်ဘက်မှာ ထားခဲ့ပြီး တစ်ယောက်ထဲ အခစားဝင်လာခဲ့သည်။

ဟွမ်ဒိပြည်အရှင် ဆယ့်တစ်ပြည်ထောင်၏ ဧကရာဇ်ဝမ်ချန်သာ့သည် အသက်အရွယ် ကြီးရင့်လှပြီ ဖြစ်သော်လည်း အရှိန်အဝါအပြည့်ဖြင့် အကြည့်တို့က အလွန်စူးရှနေဆဲပင်။ ခုံတွင်ထိုင်ရင်း ရေနွေးခြမ်းတစ်ခွက် ငှဲ့သောက်နေပုံကပင် မမြင်နိုင်သည့် အရှိန်အဝါတစ်မျိုး ထွက်နေသေးသည်။

"ခမည်းတော်ကိုဂါရဝပြုပါတယ်။"

"ထပါ။ ခမည်းတော်မှာ အသိပေးစရာတစ်ခုရှိလို့ ဆင့်ခေါ်လိုက်တာပါ။"

တောင်းဆိုစရာ၊ ပြောစရာမဟုတ်ဘဲ အသိပေးစရာဆိုသည့် စကားကြောင့် ဝမ်ရွှီးချန်မျက်နှာထားက ချက်ချင်းတည်တင်းသွားသည်။ သူရိပ်စားမိနေသော စကားကို ဆိုတော့မည် ထင်သည်။

"သုံးလအတွင်း ထီးနန်းလွှဲပြောင်းယူပါ။ ဒီနေ့ညပွဲတော်မှာ ကြေငြာတော့မယ်။"

ခမည်းတော်၏ အသံတိုးတိုးသည် ဝမ်ရွှီးချန်၏နားထဲ၌ ပဲ့တင်ထပ်သွားသည်။ သူအမုန်းတီးဆုံးအရာကို လုပ်ဖို့ အမိန့်ပေးနေခြင်းဖြစ်သည်။ သူ့အား နန်းတော်လို ရွံ့စရာနေရာ၌ ခြေချုပ်ချဖို့ ကြံစည်နေခြင်းကို သူအလွန်မုန်းတီးပါသည်။ အိမ်ရှေ့စံရာထူးပေးတုန်းကလည်း သူနှင့်အကြီးအကျယ် ပြဿနာတက်ခဲ့ရသည်။ အလွန်ဝေးကွာသေးသော အနာဂတ် ဟူသည့် စကားဖြင့် ထိုရာထူးအား မရမက လက်ခံယူစေခဲ့သည်။ ထိုအဖြစ်အပျက် အပြီးတွင်တော့ သူစစ်မြေပြင်သို့ ခြေချခဲ့သည်။ အခုတော့ ထီးနန်းကိုပါ လက်လွှဲယူခိုင်းနေချေပြီ။

Strangest One That I've Never Seen BeforeDonde viven las historias. Descúbrelo ahora