Never (NoHyuck)

464 31 6
                                    

ဒီနေ့ အတန်းထဲကို ကျောင်းသားသစ် တစ်ယောက် ပြောင်းလာခဲ့တယ်။ သူ့နာမည်က Lee Haechan တဲ့။

"တွေ့ရတာ ဝမ်းသာပါတယ်။ ငါက Haechan ပါ။ မင်းက ..."

ကမ်းပေးလာတဲ့ လက်အစုံကို မကြည့်မိ၊ ပြောတာကိုလည်း နားမထောင်တဲ့ တစ်ခုံတည်း တူတူထိုင်ရမယ့် ဘေးက ခပ်အေးအေး လူတစ်ယောက်ကြောင့် ကောင်လေး စိတ်ထဲ နည်းနည်းတော့ တစ်မျိုးဖြစ်သွားမည် ထင်သည်။

............................ Never ..................................

"Jeno ahh" လို့ အစချီပြီး ကိုယ့်ဘက်က သူ့ကို စကားပြန်မပြောတောင် ဆက်တိုက်စကားတွေ ပြောနေတတ်တဲ့ ကောင်လေး။ ယောကျာ်းလေးတွေ ageyo လုပ်ရင် သိပ်သဘောမကျတဲ့ ကိုယ်က သူ ageyo လုပ်ရင် ချစ်ဖို့ကောင်းတယ် တွေးမိနေတာမျိုး။ ဒီလို ဒီလိုတွေနဲ့ သူငယ်ချင်းငါးယောက်လောက်ပဲ ထားတဲ့ ကိုယ့်ဆီမှာ သူငယ်ချင်း တစ်ယောက် တိုးလာခဲ့သည်။

အခုလည်း သူ ညက ဂိမ်းဆော့ပြီး မအိပ်ရသေးလို့ အားလပ်ချိန် အိပ်ဖို့ Jeno ပေါင်ပေါ် အိပ်ချင်သည်ဟု ခွင့်တောင်းနေပြန်သည်။

"Nono ahh ငါမင်းပေါင်ပေါ် အိပ်ချင်လို့ နော် နော်"

"စားပွဲပေါ် အိပ်လည်း ရနေတာကို"

"ဟင့်အင်း မအိပ်ချင်ဘူး"

"ဒီမှာ ငါ့ပေါင်ပေါ် ဘယ်လိုအိပ်မှာလဲ"

"ဒီမှာ မအိပ်ဘူး။ ဟိုးက ခုံတန်းပေါ်မှာ အိပ်မှာ"

ပြောရင်း စာဖတ်ဖို့၊ မုန့်စားဖို့ လုပ်ထားပေးတဲ့ ထိုင်ခုံလေးတွေဆီ လက်ညွှန်ပြလေသည်။

Jeno ဘာမှပြန်မပြောတော့ ထုံးစံအတိုင်း
မရမချင်း တကျီကျီ ပြောနေလေသည်။ နောက်ဆုံး ခေါင်းညိတ်ပြလိုက်မှ ငြိမ်သွားလေသည်။

Jeno သူ့ပေါင်ပေါ်  အိပ်နေသော Haechan ဆံပင်ကို ဖွဖွချင်း ကိုင်ကြည့်မိသည်။

"တခြားသူတွေကို အကူအညီ တောင်းလည်း ရရဲ့နဲ့ ဘာလို့ ငါ့ကို ခေါ်တာလဲ"

"ဟမ် ဘာကိုလဲ"

"မင်း အခု ငါ့ကို ခေါ်လာသလို တခြားသူတွေလည်း ခေါ်လိုက်လို့ ရတယ်မလား"

NCT DREAM - One Shot CollectionsWhere stories live. Discover now