Renmin

1K 54 1
                                    

'ကိုကိုRen ... ကိုကို ကိုကိုဆို'

'ဘာလဲကွာ'

'ကိုကို minminကို စိတ်​ဆိုး​နေတာလား'

'မဆိုးပါဘူး'

'မဆိုးဘူးသာ ​ပြောတယ်​ မျက်​နှာ​လေးက ဆူပုတ်​ပြီး နှုတ်​ခမ်း​က minmin ကို​တောင်​ ထိ​တော့မယ်​'

'ဘာ Jaemin'

'​တွေ့လား ကိုကို စိတ်​ဆိုး​နေတယ်​မလား minmin ကို'

'​အေးကွာ ဆိုး​နေတယ်​'

'minmin ဘာလုပ်​မိလို့လဲ ကိုကိုကလည်း'

'ဘာလုပ်​မိလို့လဲ ဟုတ်​လား မင်းငါ့​ပြောစကား နား​​ထောင်​လား minmin'

'နား​ထောင်​တယ်​​လေ ကိုကိုကလည်း'

'ဘာ နား​ထောင်​တယ်​ !'

'​ဖြေး​ဖြေး​ပြောပါ ကိုကိုကလည်း မ​အော်​ပါနဲ့'

'​အော်​ ​အေး​ ​အေး'

'minmin ဘာလုပ်​မိလို့လဲလို့ ကိုကို'

'ဘာလုပ်​မိလို့လဲ ဟုတ်​လား'

'အင်း'

'​​ကောင်းပြီ ​ပြောပြရတာ​ပေါ့'

'အိမ်​ထဲဝင်​ပြီးမှ ​ပြောရ​အောင်​​လေ ကိုကို လမ်းမကြီးမှာ ​ပြောမို့လား'

'လိုက်​ခဲ့'

Renjun​နောက်​က​နေ လိုက်​လာခဲ့သည်​။ အိမ်​ထဲ​ရောက်​​တော့ Hyung​မေ​မေတို့ကမရှိ၊ အပြင်​သွားသည်​တဲ့။ အကူအညီရ​အောင်​ အိမ်​ထဲပဲ စကား​ပြောမယ်​လို့ ​ပြောခဲ့မိတာ ခု​တော့ အကူအညီကမရှိ။

ကဲ .. ကဲ Jaemin ​ရေ Fighting & Brave urself ပါကွာ 😢 ကိုကိုမျက်​နှာက ​တော်​​တော်​ စိတ်​ဆိုး​နေပုံ၊ လန့်​ပါတယ်​​နော်​ Minmin အရမ်းလန့်​ပါတယ်​။ တွဲလာတဲ့ နှစ်​အတွင်းမှာ ဒီလိုစိတ်​ဆိုးတာ အဆိုးဆုံးပဲ။

သူ့သွားတဲ့​နောက်​ ထက်​ကြပ်​မကွာ လိုက်​တက်​ခဲ့သည်​။ အခန်းထဲဝင်​ လွယ်​အိတ်​ကို စာကြည့်​စားပွဲ​ပေါ် တင်​ပြီး ကိုယ့်​ဘက်​လှည့်​ကြည့်​သည်​။ သူကြည့်​​တော့ ​ကြောက်​လို့ ​ခေါင်းကိုငုံ့လိုက်​သည်​။

'ထိုင်​​လေ မထိုင်​​တော့ဘူးလား မတ်​တပ်​ပဲ ရပ်​​နေ​တော့မှာလား'

NCT DREAM - One Shot CollectionsWhere stories live. Discover now