NoRen (비 - Rain) {U+Z}

640 47 9
                                    

Unicode ver.

မိုးရေစက်တွေအောက်မှာ ငါတို့ ဆုံတွေ့ခဲ့ကြတယ်

မိုးရေစက်တွေအောက်မှာ ငါတို့ ချစ်ခြင်းတွေ စတင်ခဲ့တယ်

မိုးရေစက်တွေအောက်မှာ ငါတို့ ဆုတောင်းတွေ ပြုခဲ့ကြတယ်

မိုးရေစက်တွေအောက်မှာ ငါတို့  ဝေးကွာခဲ့ကြတယ်

..................................... 비 ................................

စတွေ့ခဲ့တဲ့နေ့က မိုးတွေ သည်းထန်စွာ ရွာနေခဲ့သည် .. အပြာရောင်ထီးလေးကို ကိုင်လို့ လမ်းနားဘေးကပ်ကာ သတိနဲ့ လျှောက်နေပေမယ့် အရှိန်မြင့်မြင့်နဲ့ မောင်းသွားတဲ့ ကားတစ်စီးကြောင့် ခန္ဓာကိုယ် တစ်ခုလုံးကို ရေတွေ စင်သွားသည်

ရုတ်တရက် အခြေအနေကြောင့် Renjun လန့်ကာ ထီးကို လွှတ်ချမိသည်အထိ အနောက်ဘက် လက်တစ်ကမ်းဆီ လွင့်သွားတဲ့ ထီးကို ပြန်ယူကာ ပိတ်လိုက်သည် စိုလက်စနဲ့တော့ စိုပါစေတော့ အရေးကြီးတာက မျက်မှန်

ဘောင်းဘီအိတ်ကပ်ထဲက လက်ကိုင်ပုဝါကို ထုတ်ပြီး မျက်မှန်ချွတ်ကာ အရင်ဆုံးသုတ်မိသည် မျက်မှန်သုတ်ပြီးတဲ့နောက် ထီးပြန်ဖွင့်ကာ လမ်းပြန်လျှောက်ဖို့ပြင်တော့ အရှေ့ကို လာရပ်တဲ့ ကောင်လေးတစ်ယောက်ကို တွေ့သည်

"အဆင်ပြေရဲ့လား မသိဘူး"

"ခင်ဗျာ"

"ခုနက ကျွန်တော် စကားပြောရင်း ကားမောင်းလိုက်တာ ရေအိုင်ထဲ ဖြတ်မောင်းမိလို့ ရေတွေစင်သွားလို့လေ"

"အာ ရပါတယ် ကိစ္စမရှိပါဘူး"

"ကျွန်တော် တကယ် တောင်းပန်ပါတယ်ခင်ဗျ ရေတွေ အရမ်းရွှဲနေတယ်ဆိုတော့ အိမ်ကို ကျွန်တော် ပြန်လိုက်ပို့ပေးမယ်လေ"

"ရပါတယ် ကျွန်တော့်အိမ်က နောက်လမ်းဆို ရောက်တော့မှာ"

"လိုက်ခဲ့ပါခင်ဗျ"

"ဟုတ်ကဲ့"

Renjun အားနာလို့ တစ်လမ်းပဲလို့ ပြောလိုက်ပေမယ့် တကယ်တမ်း ပြန်ရသည်မှာ သုံးလမ်းလောက်ရှိသည် ဘယ်လိုပြောရပါ့မလဲ

"ဝေးသေးတယ်မလား ပြန်ရမှာက"

"ခင်ဗျာ နောက်လမ်းဆို ရောက်ပါပြီ"

NCT DREAM - One Shot CollectionsWhere stories live. Discover now