Everyday (JaemRen)

349 29 0
                                    

Unicode

"ကိုကို" သူခေါ်လိုက်တော့ စာအုပ်ဖတ်နေတဲ့ ကိုကိုက သူ့ကို ကြည့်ရင်း မျက်ခုံးပင့်ပြသည်။ ဘာလဲပြော ဆိုတဲ့ သဘောနဲ့ပေါ့။

သူ တခုတ်တရ ရယ်ရင်း ကိုကို့ကို backhug ပုံစံ ဖက်လိုက်တော့ ရင်ခွင်ထဲက ကိုကိုဟာ သူ့ကို မော့ကြည့်ရင်း မျက်မှောင်ကြုတ်ပြသည်။ သူစာအုပ်ဖတ်တာကို မနှောင့်ယှက်နဲ့ဆိုတဲ့ သဘောပေါ့။

ကိုယ့်ဘက်က ဘာမှမပြောတော့ စာအုပ်ပြန်ဖွင့်ဖတ်နေတဲ့ ကိုကို့ရဲ့ ပုခုံးပေါ် မေးတင်ရင်း ဘေးတစောင်းမြင်နေရတဲ့ ကိုကို့ကို ငေးကြည့်မိသည်။

ကိုကိုက စာတွေကြည့် ကျွန်တော်ကတော့ ကိုကို့ကိုပဲ ကြည့်မယ်။

သူ့အတွေးကို သူသဘောကျပြီး ထပ်ရယ်မိတော့ ကိုကိုက စာအုပ်ဖတ်နေရာမှ သူ့ကို နောက်ပြန်လှည့်ကြည့်လာသည်။

"ဘာဖြစ်လို့လဲ" နူးညံ့လွန်းတဲ့ ကိုကိုရဲ့ စကားသံဟာလည်း တိုးလျလျလေးပေါ့။ တစ်ခါတစ်လေ စိတ်တိုတဲ့အခါမှာတော့ နားကွဲမတတ် ခံစားရရုံလေး တစ်မယ်ပါပဲ။ ဒါပေမယ့် ကိုကိုက အရမ်းကို နွေးထွေးကြင်နာတတ်သူပေါ့။

"ဘာမှမဟုတ်ပါဘူး။ မနက်အဆာပြေစာ စားပြီးတည်းက စာအုပ်ဖတ်နေတာ မျက်လုံးတွေ မညောင်းဘူးလား"

"မညောင်းပါဘူး"

"မနက်နိုးလာတည်းက ခုထိ ကျွန်တော့်ကို အချိန်မပေးသေးဘူးနော် ကိုကို"

"ဟင် ဘာကို အချိန်ပေးရဦးမှာလဲ။"

သူ့ကို မော့ကြည့်ရင်း လေသံ ခပ်မာမာမေးလာတဲ့ ကိုကိုပါလေ။ ဒါ ကိုကို့ရဲ့ စိတ်ဆိုးစိတ်ကောက် အစပြုခါနီးပေါ့။ ဒီလိုမျိုး ကိုကို့ကို စရတာ ကျွန်တော် သဘောကျတယ်။

စာအုပ်ပိတ်ပြီး သူ့ခါးကို ဖက်ထားတဲ့ ကျွန်တော့်လက်ကို ဖြုတ်ပြီး ထွက်သွားဖို့ ပြင်နေတဲ့ ကိုကိုဟာ စိတ်ဆိုးသွားပြီဖြစ်မှန်း Jaemin သိလိုက်ပြီ။

Jaemin ကိုကို့ခါးကို ပိုတိုးဖက်လိုက်ပြီး ပါးကို နမ်းလိုက်သည်။ "စိတ်မဆိုးပါနဲ့။ ကျွန်တော် ကိုကို့ကို လက်ဆောင်ပေးစရာရှိလို့" သူပြောတော့ ရုန်းနေတဲ့ လက်တွေက ငြိမ်သွားလေသည်။

NCT DREAM - One Shot CollectionsWhere stories live. Discover now