JaemRen (V-day)

758 47 0
                                    

.............................. V day ...............................

'တကယ်ပြောတာ ငါသူ့ကို ဒီတစ်ခါ တကယ်ဖြတ်လိုက်ပြီ သူနဲ့ငါပြတ်သွားပြီ'

University of Neo Culture Technologyရဲ့ ကျောင်းကန်တင်း Paradise စားသောက်ဆိုင် စားပွဲအမှတ် 7မှာ ထိုင်နေသော ကျောင်းသားတစ်စု၏ စကားသံများဖြစ်သည်

'တကယ်ရော ဟုတ်ရဲ့လားကွာ တကယ်ပြတ်သွားတာလား'

'အော် Haechanရယ် မင်းကလည်း အမှတ်မရှိ မေးပြန်ပြီ သူတို့ကို ယုံမနေနဲ့ ဒီမှာ Renjun မင်းတို့ rsတွေက အမြဲတမ်း အဲ့လိုပဲ ပြတ်မယ် ပြတ်မယ် ပြော တစ်ခါတစ်လေ ရန်တွေဖြစ် စကားတွေများရင် ငါတို့Faလေးတွေက စေတနာနဲ့ ဝင်ဖြေရှင်းပေးရသေး ငါတို့ကတော့ တကယ်ပဲ ဒီတစ်ခါ ပြတ်ပြီလား ပြတ်ပြီလားနဲ့ အမလေး ဒင်းတို့က နောက်ဆုံးကျ တကယ်လည်း ပြတ်ကြတာ မဟုတ်ပဲ ချစ်ကြည်နူး တစ်တီတူး နှစ်ယောက်တည်း ကမ္ဘာလုပ်ကြရော ကြားထဲက ငါတို့တွေပဲ အရူးကြီးတွေ ဖြစ်ကျန်ခဲ့ရတယ်'

'အေး ဟုတ်သားပဲ'

'ယုံစမ်းပါ ဒီတစ်ခါ တကယ်ပြတ်တာ'

'တော် စောင်ပိုတွေ ရမယ်ဟေ့ မယုံဘူး'

'အတည်ပြောတာပါဆို 😏 ကြည့်နေလိုက်ဟာ'

'အေး ဝီအာဝက်ရှင်းယူ'

............................. V day ...............................

မနက်ဖြန်ဆို ဘာရယ်မဟုတ် Valentine day ရောက်တော့မည် အတွေးတွေက အရင်နှစ်က V day ဆီသို့ ပြန်ရောက်လေပြီ ... အရင်နှစ်က Jaemက သူ့ကို V day အတွက် လက်ဆောင် နာရီလေး ပေးသည် ဒီနှစ်တော့ အော် မေ့လို့ သူနဲ့ငါပြတ်သွားတာ ဒီနေ့ဆို တစ်ပတ်ပြီပဲလေ ..

'ဟူး ...' ပစ္စုပ္ပန်အခြေအနေကို သတိရမိသွားသော RJတစ်ယောက် သက်ပြင်းချလေသည်

'ဟေ့ Renjun ဘာတွေဖြစ်နေတာလဲ နေမကောင်းဘူးလား'

'လူက ကောင်းတယ် Leleရေ အသည်းနှလုံးလေးက ဖျားနေတာ'

'ဟင် ဘာဖြစ်တာလဲ'

'ဘာဖြစ်ရမှာလဲ Leleရာ သူဟာလေးနဲ့ ပြတ်သွားလို့လေ'

'ဘယ်လို ဟေ့ကောင် Renjun မင်းတို့ တကယ် ပြတ်သွားကြတာလား'

'အင်း 😥'

NCT DREAM - One Shot CollectionsUnde poveștirile trăiesc. Descoperă acum