ကိုကို့ ရဲ့ ဂျစ်တူးလေး "မောင်" (NoMin) | ကိုကို့ ရဲ့ ဂျစ်တူးလေး "မောင်" (NoMin)

791 41 2
                                    

Unicode .....

"မောင်" ဒီနာမ်စားလေးက ရိုးရှင်းစွာနဲ့ ကျွန်တော် သူ့ကို ခေါ်လေ့ရှိတဲ့ အခေါ်အဝေါ်လေးပေါ့။ မောင် နဲ့ ကျွန်တော်က အလယ်တန်းလောက်တည်းက သူငယ်ချင်းတွေပါ။

အလယ်တန်းမှာ တစ်နေရာစီကနေ ကျောင်းပြောင်းလာကြတဲ့ ကျောင်းသားလေး နှစ်ယောက်ပေါ့။ ဘေးချင်းကပ် အတူတူ ထိုင်ရင်းကနေ ခင်လာခဲ့ကြပြီး နောက်ပိုင်း ကျောင်းသွားကျောင်းပြန်ကစလို့ အချိန်တိုင်း အတူတူ ရှိလာကြတဲ့အထိ။

နှစ်ယောက်သား အိမ်က အရမ်းကြီးမဝေးသည်မို့ အချိန်ပြည့်နီးပါး အတူတူရှိလာကြသည်။ တစ်ခါတစ်လေ သူ့အိမ် ကိုယ့်အိမ် မခွဲဘဲ ရက်ကြာရှည်ထိ နေတတ်ကြသည်။

အမြဲတမ်း အတူတူ ရှိလာကြတဲ့ ကျွန်တော်တို့က တက္ကသိုလ် တက်တော့ ကွဲသွားကြသည်။ ဆရာဝန် သိပ်ဖြစ်ချင်တဲ့ မောင်က ဆေးကျောင်းသွားပြီး ကျွန်တော်ကတော့ စီးပွါးရေးဘက် သွားတဲ့သူပေါ့။

အရင်လို အချိန်တိုင်း အတူတူ ရှိခဲ့ပြီးမှ ခွဲရတော့ စိတ်ထဲ သိပ်အဆင်မပြေကြ။ ဒါတောင် ကျောင်းသွားရင် အတူတူ၊ တစ်ခါတစ်လေ အတန်းဆင်းချိန်တွေ ကွာလို့သာ အတူတူ မပြန်ဖြစ်ကြတာ။ အချ်န်သင့်လို့ကတော့ သွားကြိုပြီးသား။

ကျွန်တော့်ရဲ့ မောင်က စတော်ဘယ်ရီ သိပ်မုန်းတဲ့ အဆိုးတုံးလေးပေါ့။ မောင်က ဘယ်လောက်ထိများ မုန်းသလဲဆို '"ကမ္ဘာပေါ်က စတော်ဘယ်ရီတွေ ပျောက်ကွယ်သွားရင် ကောင်းမယ်" ဆိုပြီး ပြောဖူးတဲ့အထိပါပဲ။

မောင့် အကြောင်း ပြောပြရဦးမယ်။ မောင့် နာမည်က Jaemin တဲ့။ သိပ်ချောလွန်းတဲ့ မောင်က ဆေးကျောင်းမှာ King ဖြစ်တော့ ကျွန်တော် သဝန်တိုမိတာပေါ့။ ဒီလို သဝန်တိုတာကို ပြောရင်းကနေ ကျွန်တော် သူ့ကို ချစ်မိကြောင်း ဝန်ခံခဲ့မိတာပေါ့။

အဲ့တုန်းက ကျောင်းက fresher welcome တွေ ပြီးလို့ မောင်က ဒိတ်ဒိတ်ကြဲ နာမည်ကြီး king လေးပေါ့။ ကောင်မလေးတွေကလည်း အမြဲတမ်း မောင့်ကို ပေါ်တင် တစ်မျိုး ခိုးကြည့်တာ တစ်ဖုံ ကြားထဲ လက်ဆောင်တွေ စာတွေ ပေးတာက ရှိသေး။

အစပိုင်းတော့ သည်းခံနိုင်တဲ့ ကျွန်တော်က သူ့ကို သွားကြိုတိုင်း ကြုံလာရတာ ၁ရက်၊ ၂ ရက် မကတော့ စိတ်ထဲ သဝန်တိုလာတာပေါ့။ ဖြစ်ချင်တော့ အဲ့နေ့က မောင်က ကျွန်တော့်အိမ် လိုက်လာသည်။ အိမ်က လူကြီးတွေက အမျိုးတွေဆီ သွားနေတာမို့ တစ်အိမ်လုံးမှာ သူနဲ့ ကျွန်တော်သာ ရှိသည်။

NCT DREAM - One Shot CollectionsWhere stories live. Discover now