Ever (NoHyuck)

385 35 2
                                    

ဒီအပိုင်းက Never ရဲ့ အဆက်လို့လည်း ပြောလို့ရပါတယ်။ တချို့အကြောင်းအရာတွေကို ပြန်ရှင်းပြထားတဲ့ အပိုင်းလေးပါ။

Uni ver.

Accident တစ်ခုဖြစ်ပြီး မေ့မျောနေတဲ့ ဝိညာဥ်ငယ် ..

သူ accident ဖြစ်တဲ့ ကမ္ဘာမှာ ၇ ရက်တာ ကာလက ဒီနေရာမှာတော့ တစ်နှစ်တာ ကြာရှည်သလို ..

ဟုတ်တယ် ရှုပ်ထွေးလွန်းတဲ့ ဒီဝိညာဥ်လောကကို သူရောက်လာခဲ့တယ် ... ထိုသူ့နာမည်က Lee Jeno။

.............................. Ever ..................................

မြင်မြင်ချင်း သဘောကျမိခဲ့တာမို့ ဒီကောင်လေးရဲ့ ဝိညာဥ်ကို ချဥ်းကပ်ချင်ခဲ့မိသည်။ မေ့မျောနေတဲ့ ကောင်လေးရဲ့ စိတ်ထဲ အထက်တန်း ကျောင်းသားဘဝကိုပဲ ထပ်တလဲလဲ သတိရနေတာမို့ သူသည် ကျောင်းသားသစ်ယောင် ဆောင်ကာ ကောင်လေးရဲ့ စိတ်ထဲက ဇာတ်လမ်းမှာ ပါဝင် သရုပ်ဆောင် မည်။ ထိုသူကား Lee Haechan။

စမြင်တည်းက သဘောကျတာမို့ မင်းနဲ့ နီးခွင့်ရဖို့အတွက် အမျိုးမျိုးသော နည်းလမ်းတွေနဲ့ ကြိုးစားမိတယ်။ မင်းဘေးနား ထိုင်တာက အစ၊ မင်းကို ရင်းနှီးအောင် ကြိုးစားခဲ့တာအဆုံးပေါ့။ အရာရာ ငါကိုယ်တိုင် ဖန်တီးခဲ့တယ်။

တကယ်တော့ မင်းက ငါထင်သလို တစ်ဖက်ကမ္ဘာကို လုံးလုံး စွန့်ခွာပြီး ဒီနေရာကို ရောက်လာခဲ့တာ မဟုတ်ပဲ ခဏတာ ရောက်လာခဲ့တဲ့ ဝိညာဥ်ငယ်။

ဇာတ်လမ်းရဲ့ သုံးပုံ နှစ်ပုံရောက်မှ ဒီအဖြစ်ကို သိခဲ့ရတဲ့ငါ ... ငါစခဲ့တဲ့ ဇာတ်လမ်းက ပျော်ရွှင်စရာအဆုံးသတ်တစ်ခုလို့ သတ်မှတ်ခဲ့ပေမယ့် နာကျင်မှုတချို့နဲ့ အဆုံးသတ်ရမယ့်အခါ ...

.............................. Ever ..................................

စာမေးပွဲ ကာလ မတိုင်ခင်မှာမှ သိခဲ့ရတဲ့ မကြာခင် တစ်ဖက်လောကကို ပြန်သွားရမယ့် ဒီဝိညာဥ်ငယ်။ ဆွဲထားဖို့ အကြောင်းတချို့ ရှိပေမယ့် ငါ မဆွဲထားနိုင်ခဲ့ဘူး။

အဲ့ဒီနေ့ မင်းရဲ့ တစ်ဖက်ကမ္ဘာကို ပြန်ရမယ့်အချိန် နာရီပိုင်းအလိုမှာ ဒီဘက်ကမ္ဘာမှာ ငါတို့ ပျော်ရွှင်ခဲ့ကြတယ်။ သာမန်အတွဲတွေ ဒိတ်လုပ်သလို ငါစီစဥ်ပြီး လျှောက်သွားခဲ့ကြတာ မင်းမသိခဲ့ဘူး။

NCT DREAM - One Shot CollectionsWhere stories live. Discover now