Best Friend or Boyfriend ??? - ChenJi/JiChen

844 37 0
                                    


Best Friend or Boyfriend ???

Jisung တစ်ယောက် ကျောင်းပိတ်ရက် တနဂ်နွေနေ့ မနက်စောစော လမ်းလျှောက်ထွက်ရင်း လမ်းထဲ အသစ်ပြောင်းလာသော မိသားစု တစ်စုကို တွေ့လေသည်။

ကားပေါ်က အထုတ်တွေ ကူချနေတဲ့ ကောင်လေးတစ်ယောက်ကို Jisung ကြည့်ရတာတော့ သူနဲ့ ရွယ်တူ ဖြစ်ဟန်တူသည်။ အိပ်ချင်မူးတူးနဲ့ အထုတ်တွေ ကူချနေရသည်မို့ မျက်နှာက ဆူပုတ်ပုတ်လေး ဖြစ်နေလေသည်။

Jisung ငေးကြည့်နေတာကို မြင်သွားတဲ့ ထိုကောင်လေးဟာ မျက်မှောင်ကြုတ်ကာ Jisung ကို စိုက်ကြည့်လာတော့ Jisung လန့်သွားမိသည်။ ထိုကောင်လေးဘေးက အမေဖြစ်သူကတော့ Jisung ကို ပြုံးပြသည်မို့ Jisung ပြုံးပြကာ ခေါင်းငုံ့ နှုတ်ဆက်လိုက်သည်။

ဒီလိုနဲ့ လမ်းလျှောက်ရင်း အိမ်နားက ပန်းခြံကို ရောက်တော့ ခုံတန်းတစ်ခုမှာ ဝင်ထိုင်ရင်း ခဏ အနားယူမိသည်။ ထိုအချိန် ခေါင်းထဲ ဝင်လာသည်မှာ ခုနတုန်းက ဆူပုတ်ပုတ် ကောင်လေးအကြောင်း။ ရွယ်တူဖြစ်နိုင်ပေမယ့် Jisung စိတ်ထဲ ချစ်ဖို့ကောင်းလွန်းသည်ဟု ထင်မိသည်။

............ Best Friend or Boyfriend ??? ..........

တနလာ်နေ့မနက် ကျောင်းသွားဖို့ Jisung အိမ်ကနေ စက်ဘီးစီးရင်း ထွက်လာခဲ့သည်။ မနေ့က တွေ့ခဲ့သော ကောင်လေးလည်း Jisung တို့ ကျောင်း ယူနီဖောင်း ဝတ်ထားသည်ကို တွေ့လေသည်။

Jisung လည်း ထိုကောင်လေးကို ထပ်မကြည့်တော့ဘဲ စက်ဘီးကိုသာ အာရုံစိုက် နင်းလိုက်လေသည်။ Jisung ကျောင်းရောက်ပြီး အခန်းထဲက မိမိနေရာသို့ ဝင်ထိုင်လိုက်သည်။ မကြာခင် ကျောင်းတက်ခေါင်းလောင်းသံနဲ့အတူ ဆရာရောက်လာခဲ့သည်။

အနောက်က ပါလာတဲ့ ကောင်လေးကို တွေ့တော့ Jisung သိပ်တော့ မအံ့သြမိ။ သူတွေးသလိုပဲ ကောင်လေးက သူနဲ့ ရွယ်တူပင်ဖြစ်မည်။ တစ်ယောက်ခုံတွေချည်း စီထားပေမယ့် Jisung ဘေးနားက တစ်ယောက်ခုံ တစ်လုံးက လွတ်နေသည်မို့ မိတ်ဆက်အပြီးမှာ ကောင်လေးက Jisung ဘေးက ခုံကို လာထိုင်လေသည်။

မနက်ခင်း စာသင်ချိန်ပြီးလို့ နေ့လည်စာ စားချိန်မှာ ဘယ်မှမသွားဘဲ ဒီတိုင်းထိုင်နေသော ကောင်လေးကို ကြည့်ရင်း Jisung ဘက်က နှုတ်ဆက်ဖို့ ပြင်လိုက်လေသည်။

You've reached the end of published parts.

⏰ Last updated: Sep 11, 2021 ⏰

Add this story to your Library to get notified about new parts!

NCT DREAM - One Shot CollectionsWhere stories live. Discover now