Part-3

4.4K 185 1
                                    


💕ရူးခါနေအောင်ချစ်ရသူ💕

အပိုင်း၃

"ဖျတ်"

မီးရောင်အားလုံးကိုမှိတ်လိုက်သည်။ပွဲလာဧည့်သည်တော်များကလည်း မိုက်ခရိုဖုန်းမှ အသံအားနားစွင့်နေကြသည်။

"အခုပွဲလေးမာ အစီအစဥ်တစ်ခုရှိပါတယ် အခုမီးမှိတ်နေတဲ့အတောအတွင့်မာ လူနှစ်ယောက်ရဲ့လက်ထဲမာ ကဒ်တစ်ခုစီရောက်လာပါလိမ့်မယ် ထိုနှစ်ယောက်ကိုchallengeအရ ထိုရွေးချယ်လိုက်တဲ့coupleအတွဲက ကျွန်မခိုင်းတာကိုလုပ်ရပါလိမ့်မယ်"

"လက်ခံရဲ့လားရှင့်"

Rose မေးလိုက်သည်။

"ဖြောင်း.....ဖြောင်း....ဖြောင်း"

လက်ခုပ်သံများထွက်လာသည်။လက်ခံကြသည်ထင်တယ်။Roseလည်းမိုက်ကိုပြန်ကိုင်၍ စလိုက်မီးများက..... ပွဲခင်းကိုဝှေ့ပတ်ထိုးနေသည်။မိနစ်အနည်းငယ်ကြာသောအခါ

"အဟင်း.....ကဒ်ရောက်ပီ ထင်ပါတယ်"

"ကဲ..... ဖြောက်"

လက်ဖျောက်တစ်ချက်တီးလိုက်သောအခါ မီးများပြန်လင်းလာပီး လူအချို့ ဟိုကြည့်ဒီကြည့်နှင့် တီးတိုးပြောသံများကဆူညံလာသည်။

"ကဒ်ရတဲ့လူတေက ဘယ်သူတေလဲမသိဘူးရှင့် ပြောပြပါအုန်း"

ခြင်းသူဘေးတွင်ရပ်နေသောစစ်လက်ထဲမှကဒ်ကိုတွေ့သောအခါ

"စစ် မင်းလက်ထဲမှာ"

စစ် ခြင်းကိုလှည့်ကြည့်အခါ ဆက်မပြောတော့ဘဲသူ့လက်ကို မေးငေါ့ပြသည်။သူကိုင်ထားသော ဝိုင်ခွက်ထဲမှ ကဒ်လေးတစ်ခု။သူလည်းကြောင်သွားသည်။မီးမှိတ်နေစဥ်အတွင်း သူနားခြေသံတောင်မကြားရပါ။

"ကဲ ရတဲ့လူလေးတွေ အရှေ့ထွက်ခဲ့ပါရှင် ကျွန်မတော့စိတ်လှုပ်ရှားနေပီ"

စစ်သက်ပြင်းတစ်ချက်သာချ၍ စင်နားသို့စတိုင်ကျကျလျှောက်လာလိုက်သည်။စင်ပေါ်သို့တင်သောအခါ ဟိုဘက်ကမိန်းကလေးက သူ့ထက်အရင်ရောက်နေသည်။

"ဝိုး......UGရဲ့CEOကြီးပါလား"

"ဟုတ်ပချောလိုက်တာ သူနဲ့ကျတဲ့မိန်းကလေးက ကံကောင်းလိုက်တာ"

ရူးခါနေအောင်ချစ်ရသူ(Completed)Wo Geschichten leben. Entdecke jetzt