Part-8

3.3K 167 1
                                    

💕ရူးခါနေအောင်ချစ်ရသူ💕

အပိုင်း၈

"ပါးပါးနဲ့မားမားကို မိုင်အိပ်မက်မက်တယ် လွန်ခဲ့တဲ့ 15နှစ်လောက်က အဖြစ်အပျက်တစ်ခု"

"ဝေးက ဘယ်သူလဲ"

"မိုင်ရဲ့တစ်ဦးတည်းသောအမ"

ခြင်းအံသြ သွားသည်။သူသိသလောက်တော့မိုင်မှာ အမမရှိ။ ထောင်ကျနေသောအကိုသာရှိသည်ဟု သိထားသည်။

"မိုင့်မှာ အကိုရှိတယ် မဟုတ်လား"

မိုင်ခေါင်းခါ၍ ဦးကိုတည်ငြိမ်စွာကြည့်လိုက်သည်။ဦးရဲ့ မျက်ဝန်းထဲမှာ အတွေးများနေတဲ့ပုံ။မိုင့်ကိုလည်း မေးချင်တဲ့မေးခွန်းတေ အများကြီးရှိတယ် ထင်ပါသည်။

"သူက မိုင့်အကိုမဟုတ်ဘူး သူနဲ့မိုင် ဘာမှ မတော်ဘူး"

"မိုင် ကိုယ့်ကိုပြောပြချင်လား"

မိုင်ဦးကိုရီဝေစွါကြည့်လိုက်သည်။အမြဲဂျစ်တစ်တစ်နှင့် သူမက ခြင်းကိုဆို အမြဲ စကားပြန်မပြောတတ်သူမို့ ဒီနေ့မှ အခြားနှင့်မတူသောသူမအား ကြောင်ငေးကြည့်နေမိသည်။

"ဆော်ရီး ကိုယ့်မေးတာမှားသွားတယ်"

"ဟင့်အင်း မိုင်ပြောပြမယ်"

လွန်ခဲ့သောဆယ်နှစ်💌💌💌

"ဝေး ထတော့လေ ဝေး ထတော့လို့"

အိပ်ရာပေါ်တွင်လူးလိမ့်နေသော သူမရဲ့မမအား ကြည့်၍ မိုင်တစ်ချက်ရယ်လိုက်သည်။မမက အမြဲအိပ်ပုတ်ကြီးသည်။မိုင်ထက်လည်း ပို၍ချစ်စရာကောင်းသည်။
မိုင်တို့က တောင်ပေါ်ဒေသတစ်ခုက ရွာလေးတစ်ရွာမာနေသည်။ရွာဆိုပေမဲ့ မြို့လောက်ကျယ်၍ အနည်းငယ်စည်ကားသည်။ရွာထဲက လူတေက မမနှင့်မိုင်ကိုတော်တော်ချစ်ကြသည်။ မမက စကားတတ်သလို မိုင်ကရယ်လိုက်ရင် ပါးချိုင့်သေးသေးလေးကြောင့် ရွာရဲ့အချစ်တော်ကောင်မလေးတေပေါ့။

မိုင်ထက်မမက လေးနှစ်ကြီးသည်။နာမည်က "ကွာဝေး"တဲ့။မိုင်ဝေးနဲ့ကွာဝေးတဲ့။ ပါးပါးဘာလို့မှည့်ပေး၍ မိုင်မသိဘူး။

"ဝေး ဝေး"

"အေးအေး ငါထပီ အွန့် ........ မွ"

ဝေး စောင်လေးခြုံထားရာမှ သူမအား တို့နေသော လက်သေးသေးနှင့်အူယားဖွယ်ညီမလေးကြောင့် ချက်ချင်းထထိုင်ကာ မိုင်ရဲ့ပါးချိုင့်လေးနစ်နေသောပါးလေးကို အသံမြည်အောင်ပင် နမ်းလိုက်သည်။

ရူးခါနေအောင်ချစ်ရသူ(Completed)Onde as histórias ganham vida. Descobre agora