Part-16

3K 118 0
                                    

💕ရူးခါနေအောင်ချစ်ရသူ💕

အပိုင်း၁၆

ဘေးနားတွင် ကားကူရှင်ကိုမှီကာ မှေးအိပ်နေသော သူ့ရဲ့ကလေး။
နှစ်တေကြာလာတာတောင် မပြောင်းလဲသွားတဲ့ အမူအကျင့်လေးတွေ....
စစ်၏ရင်၌ လက်ရှိပုံရိပ်နှင့် လွန်ခဲ့တဲ့ဆယ်နှစ်ကပုံရိပ်တေက ဒွန်တွဲလျက်....
အိပ်ပျော်နေတဲ့သူမနဖူးပေါ်က ဖုံးကျနေသည့်ဆံစလေးများကို လက်တစ်ဖက်ဖြင့်သပ်ပေးနေမိသည်။

"အင့်"

လက်ကိုချက်ချင်းရုတ်လိုက်ပီး လူးလွန့်လာတဲ့ သူမကြောင့် ရှက်ကိုးရှက်ကန်းဖြစ်ကာ ကားစတီယာတင်အား ကိုင်ထားလိုက်သည်။

"နိုးလာပီလား"

"အင်း ဒါနဲ့ ဘယ်ရောက်နေတာလဲ"

သွင်နိုးနိုးခြင်း ပတ်ဝန်းကျင်ကိုကြည့်မိတော့ အနည်းငယ်မှောင်စပြုနေသည်။သွင့်အထင်တော့ တောင်ထိပ်တစ်ခုပေါ်ရောက်နေတာဖြစ်မည်။

"ဦး"

"ပြော ကလေး"

"ဟီးဟီး လှလိုက်တာ ဆင်းတော့မယ်"

ပြောလဲပြော ကားထဲကဆင်းသွားတဲ့သူမလေးကြောင့် ပြုံးကာ ခေါင်းလေးအသာရမ်း၍ ကားနောက်က စားစရာတေအား ယူ၍သူပါ လိုက်ဆင်းလိုက်သည်။

သွင်မြင်ရတဲ့မြင်ကွင်းကြောင့် စိတ်ထဲအလိုလိုပျော်သွားကာ ဒေါသတေက ကြက်ပျောက်ငှက်ပျောက်။အကြောင်းကတော့ နီဆွေးနေတဲ့နေလုံးကြီးက သွင်ရပ်နေတဲ့တောင်ထိပ်လေးကို မျက်နှာမူလျက် ကျုံ့ဝင်သွားသည်။မြို့ပြရဲ့ မာကျူရီမီးသီးတေက တစတစ ကြယ်လေးတေလို မိန်မိန်လေး လင်းနေသည်။ တောင်ထိပ်ဆိုပေမဲ့တအားမမြင့်တာ သိသာလှသည်။ကားရပ်ထားတဲ့ရှေ့မှာ တမာပင်ကြီးကမားမားရပ်၍ မြက်ရိုင်းများက ရှည်လျားစွာ နေရာအပြည့်ပေါက်ရောက်နေကြသည်။ လေအလွင့်မို့ သွင်ဝတ်ထားတဲ့ ကော်လံထောင်အကျီလေးက ဆံနွယ်နှင့်အတူလွင့်နေသည်။ကျူပင်တေကြားထဲက နောက်ပါးက ရင်းနှီးလှတဲ့ခြေတံကြောင့် သွင်ပြုံးမိသွားသည်။

နီးကပ်လာတဲ့ခြေသံလေးက သွင့်နောက်နားမှာ ရပ်တန့်သွားပီး သွင့်ရဲ့ပုခုံးပေါ်သို့ နွေးထွေးတဲ့လက်တစ်စုံက ပွေ့ပိုက်ခြင်းကို ခံလိုက်ရသည်။နားသစယ်လေးမှလည်း ဦးရဲ့ ဝင်သက်ထွက်သက်တေက တိုးဝေ့ရိုက်ခတ်နေသည်။ သွင့်နှခေါင်းဝမှာလည်း ရင်းနှီးပီးတောင်းတနေတဲ့ ကိုယ်သင်းနံတေက ကျီစယ်လျက်....။
သွင်လက်ရှိအထိအတွေ့ကြောင့် အလိုလို သွားတက်လေးပေါ်အောင်ပြုံးလိုက်သည်။အနောက်ကိုတော့ လုံးဝလှည့်မကြည့်သေး။

ရူးခါနေအောင်ချစ်ရသူ(Completed)Where stories live. Discover now