Part-10

3.4K 143 0
                                    

💕ရူးခါနေအောင်ချစ်ရသူ 💕

အပိုင်း၁၀

အဝေးပြေးလမ်းမလေးပေါ်မှာ ငြိမ့်ငြိမ့်လေးပြေးနေသောကားတစ်စီး.....။သစ်ပင်စိမ်းစိမ်းလေးတေက ကားလမ်းတစ်လျှောက်ဖြတ်ပြေးနေသလို.......။
ဒတ်ဘုတ်ပေါ်မှ ဖုန်းမြည်သံကြောင့်
ခြင်းကားမောင်းနေရာမှ ဆွဲယူလိုက်သည်။

"ဟဲလို"

"ဟိတ်ကောင် မင်းဘယ်ချိန်မှ လာတော့မာလဲ ငါသေမှလဲ အမှုဖိုင်တေက အဲ့လောက်တန်းစီနေတာကို မင်းဒီနေ့မှ မလာရင် တရားသူကြီးကနေ ငါရအောင်ဖြုတ်မယ်".

ဖုန်းကိုင်ကိုင်ချင်းချစ်လှစွာသော သူငယ်ချင်းရဲမှုးကြီးအသံကြောင့် ဖုန်းကိုနားမှအသာခွာလိုက်ပီး screenအားတစအချက်ပြန်ကြည့်လိုက်သည်။
ထို့နောက်မ speaker လေးဖွင့်ကာ ဒတ်ဘုတ်ပေါ်ပြန်တင်ပီး သူပြောသမျှကို ရယ်ကျဲကျဲနဲ့ နားထောင်နေလိုက်သည်.........။
ခြင်းက Parisမှ ပြန်လာတိုင်း ဘယ်တော့မှတစ်ပတ်ထက်ပိုမနေတတ်တာသိသောကြောင့် ဖုန်းစပြောချင်း အော်လိုက်ခြင်း ဖြစ်သည်။

"ငါ့ကိုလည်းပြောခွင့်ပေးပါအုန်း"

"မင်းဒီနေ့မရောက်လာရင် James Martin(ဂျိမ်းမာတင်)အမှုလွတ်သွားမယ်"

"ဘာ!"

ရုတ်တရက်အသံကျယ်သွားသည်။Jamesအမှုကိုသူလိုက်နေတာ နှစ်နဲ့ချီနေပီးဖြစ်သည်။သူ့ကိုသူလည်း တစ်ချက်ပေါ့လျော့မိသွားသည်။

"အေးဟျောင့်အမြန်လာခဲ့တော့"

"တီ...."
~~~~~~~~~~~~~~~~~~~

"ဝှီးညောင့် ဝှီးညောင်🚨🚨"🚔🚔

"လွှတ်..... ငါ့ကိုလွှတ်................. ငါသတ်တာမဟုတ်ဘူး.......ငါမသတ်ဘူး"

"ခေါ်သွားကြတော့ "

"ဟုတ်ကဲ့ဆရာ"

ဘုန်းမြတ်တစ်ယောက်တပည့်နှစ်ယောက်အားပြောပီး ရာဇဝတ်သားအား ဖမ်းခေါ်သွားရန်ပြောလိုက်သည်။
ထို့နောက် ခေါင်းတွင်ဆောင်းထားသော ဦးထုပ်အားချွတ်ကာ နောက်ပါးမှ ခြေသံကြောင့် လှည့်ကြည့်မိသည်။

"ခြင်း!"

ဟူတ်ပါသည် သူ၏သူငယ်ချင်းအရင်းခေါက်ခေါက်ကြီး
တရားသူကြီးစစ်မှန်ခြင်း.....။
ခြင်းParisကပြန်ရောက်ပီးတစ်ခေါက်သာတွေ့ရသေးသည်။
တွေ့ကြရာတွင်လည်း အခုလိုရဲစခန်းတွင် အမှု ကိစ္စဆွေးနွေးခြင်းသာ.....။လိုအပ်သည့်အမှုဖိုင်အား စစ်ဆေးပီး ချက်ချင်းထသွားခြင်းဖြစ်သည်။

ရူးခါနေအောင်ချစ်ရသူ(Completed)Where stories live. Discover now