Part-6

3.4K 147 0
                                    

💕ရူးခါနေအောင်ချစ်ရသူ💕

အပိုင်း၆

"ဘယ်သူလဲသိလား မမနဲ့စေ့စပ်မဲ့သူက"

ခြံထဲတွင် စကားကောင်းနေကြတုန်းဖြတ်မေးလာသည့်မေးခွန်းကြောင့်

"တီ....တီ"

"အော် ကားလာတယ် ထင်တယ်"

"ဟင် အကိုရန်ပါလား"

ခြံဝန်းထဲက အသွင်ခြားနှင့်ရှေးရိုးက ဝင်လာတဲ့ကားကိုကြည့်ပီးပြောနေကြသည်။

"ဟမ် ကိုလေး"

"ရန်လေး"

"အကိုစစ်တို့ရောက်ပီလား"

"မလာသေးဘူး ရန်လေး"

"မမရော သွင်ခြားရော လိုက်ခဲ့"

ရန်၏မျက်နှာမှာစိုးထိတ်မှုတေနဲ့ ဝေခွဲမရမှုတေက သိသိသာသာ။
အသွင်ခြားနဲ့ ရှေးရိုးလည်းအူကြောင်ကြောင်နှင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ နောက်ကပါသွားကြသည်။တစ်ချိန်တည်းမှာပင် အိမ်ထဲသို့ ကားတစ်စီးဝင်လာပေသည်။

"အန်တီစိန်တို့ပါလား လာခဲ့ပါရှင့်"

ဒေါ်ရှုမငြီးက ဦးစွာ စီးကြိုလိုက်သည်။ဧည့်ခန်းထဲကလူများလည်းအသံရှိရာသို့ကြည့်လိုက်သောအခါ

"အင်း သမီးလေးတို့တောင် တော်တော်ကြီးလာပီပဲ"

အသွင်ခြားရှေ့တွင်ရှိနေသောအဘွားကိုကြောင်ကြည့်နေမိသည်။အဘွားရဲ့ မျက်လုံးတေကရှေးကိုသာ ကြည့်နေသည်။

"သားစစ်ရော အန်တီ"

ထိုအခါ ထိုင်နေသော ဦး ကမ္ဘာမြေခြားက ဝင်မေးသည်။

"ကားထိုးနေတယ်ထင်တယ် ဟောပြောရင်းဆိုရင်းလာ​ပြီ"

အဘွားလက်ညှိုးထိုးရာသို့ကြည့်လိုက်သောအခါ
အသွင်ခြားအံ့သြခြင်းနှင့်အတူ ရင်ဘက်ထဲကဆူးခနဲအောင့်လာသည်။

"ဦးကမမနဲ့စေ့စပ်မဲ့သူတဲ့လား"

အသွင်ခြားစိတ်ထဲမှာ ဝမ်းနည်းစိတ်ကြောင့် ဆက်မနေချင်တော့ပါ။ဦးကလည်းတစ်ချက်လေးတောင်စွေလို့မကြည့်ခဲ့ပါ။

"သမီးဘယ်သွားမို့လဲ"

အလိုက်မသိတဲ့အမေကမေးပြန်ပီ။

ရူးခါနေအောင်ချစ်ရသူ(Completed)Where stories live. Discover now