Part-20(Final)

6.5K 162 11
                                    

💕ရူးခါနေအောင်ချစ်ရသူ 💕

အပိုင်း၂၀ ဇာတ်သိမ်းပိုင်း

ပါးပါးထံသို့ လက်ကမ်းပေးရင်းပင် ပါးပါးက ပြုံး၍ အမှောင်ကိုခွင်းကာတစ်နေရာသို့ခေါ်သွားသည်။အလင်းရောင်ဖျော့ဖျော့လေး​ေနာက်လိုက်သွားရင်းပင် ထူထပ်နေသည့်မြူခိုးတေက တဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားသည်။တစ်နေရာရောက်တော့ ဝတ်စုံဖြူနှင့် ပါးပါးက တည်ငြိမ်စွာ စကားဆိုသည်။

"ပါးနဲ့လိုက်ခဲ့မှာသေချာလားသမီး "

"ဘယ်ကိုသွားမှာလဲပါး...."

"အေးချမ်းတဲ့နေရာဆီ တွယ်တာစရာမရှိတော့ရင် လိုက်ခဲ့လိုက်ပါ သမီး"

"တွယ်တာစရာ"

တိုးတိုးလေး အသံနောက်ယောင်ရွတ်လိုက်သည်။
သွင့်မှာတွယ်တာစရာဆိုတာ ဘာရှိလဲ....။
ဖျတ်ခနဲ ဦး.....သွင့်ရဲ့နှလုံးသား.....။
ဟုတ်တယ် ဦးစောင့်နေလိမ့်မယ်...... ။

"သမီးမှာတွယ်တာစရာရှိတယ် ပါး သမီးပြန်မလိုက်နိုင်တာ ခွင့်လွှတ်ပါ"

ထိုအခါမှ တည်ငြိမ်တဲ့ပါးက ခေါင်းအသာငြိမ့်၍ စကားဆက်ဆိုသည်။

"သမီးမှာ အနှောင့်အယှက်တေကျန်သေးတယ် ဒါတေကိုသေချာဖြေရှင်းပါ မှတ်မိသင့်တာတေလည်း ပြန်သတိရသင့်ပြီ သမီးရဲ့ဘဝအမှန်ကိုပြန်သွားတော့ မမေ့နဲ့ သမီးစောင့်ရှောက်ရမယ့်သူတစ်ယောက်ရှိတယ် အသက်နဲ့ထပ်တူချစ်ပေးပါ စောင့်ရှောက်ပေးပါ"

စကားသံအဆုံးပျောက်ကွယ်သွားသော ပါးပါးအား လိုက်ရှာရင်း ပါးပြောသွားသည့်စကားတေကိုလည်းဘာတစ်ခုမှနားမလည်သောကြောင့် ရပ်နေသည့်နေရာ၌ပင်......။
သွင်မျက်လုံးတေကိုအမြန်ဆုံးမှိတ်လိုက်ပြီး တည်ငြိမ်အောင်ကြိုးစားလိုက်လေသည်။

~*~*~*~*~*~*~*~*~*~*~

စစ်မျက်လုံးတေဖွင့်ကြည့်လိုက်တော့ မြင့်နေရသည့်မျက်နှာကျက်ုဖြူဖြူက ဝိုးတဝါး...။နှာဝ၌ အနံအသက်စိုးဝါးသည့်ဆေးနံ့ကြောင်​့စစ်ဆေးရုံကုတင်တစ်ခုမှာမှန်းသိလိုက်သည်။ညာဘက်လက်ကလည်း ဆေးပိုက်တန်းလန်းနှင့် အပ်က လက်ဖမိုးပေါ်ထိုးစိုက်လျက်။
မောရိယအားဆေးပုလင်းကဆေးရည်တေက ဒရစ်ကနေတဆင့် ကုန်လုနီးပါးဖြစ်နေသောကြောင့် စစ် ရှိနေတဲ့ကုတင်နားသို့ သူနာပြုက အခန်းတံခါးကိုကျော်ဖြတ်၍ရောက်လာသည်။

ရူးခါနေအောင်ချစ်ရသူ(Completed)Όπου ζουν οι ιστορίες. Ανακάλυψε τώρα