Part-17

3.1K 143 0
                                    

💕ရူးခါနေအောင်ချစ်ရသူ💕

အပိုင်း၁၇

လွန်ခဲ့သောသုံးရက်

ဂျပန်နိုင်ငံ တိုကျိုမြို့ 4:30PM

မြို့တွင်းရဲစခန်းတစ်ခုတွင်

"မင်္ဂလာပါ "(ဂျပန်လို)

"မင်္ဂလာပါ ဗိုလ်မှုးကြီး ကျွန်တော်က စစ်မှန်ခြင်းပါ"

"ဟုတ်ကဲ့ကြားထားပီးပါပီ တရားသူကြီးမင်း.....တရားသူကြီးမင်းကိုယ်တိုင် ဒီအမှုကိုကိုယ်တွယ်မယ်လို့မထင်ထားဘူး.....ဂျပန်စကားကောင်းကောင်းပြောတတ်တာပဲနော်...ချီးကျူးပါတယ် လူကြီးမင်း"

စခန်းရုံးထဲတွင် အကြီးဆုံးရာထူးရှိသူ ဗိုလိမှုးကြီးက ခြင်းရောက်ရောက်ချင်းပင် ဖော်ရွေစွာ ဆက်ဆံသောကြောင့် ဂျပန်လူမျိုးတို့၏ဖော်ရွေမှုက အထင်းသား။
ခြင်းဂျပန်ကိုရောက်ရောက်ချင်း ခေတ္တမျှပင်မနားဘဲအမှုတေကိုဆောင်ရွက်နေသည်။

"ချီးကျူးခံရတာကျေးဇူးတင်ပါတယ်...ကျွန်တော်လာမာကြိုသိထားတဲ့ ဒီက ဗိုလ်မှုးကြီးကိုလည်း လာရင်းကိစ္စသိမယ်ထင်ပါတယ်.....သတင်းအရ James Martin(ဂျိမ်းမာတင်)က ဂျပန်ကိုရောက်နေတယ်လို့သိရပါတယ်"

"ဟုတ်ကဲ့ ကျွန်တော်တို့ဘက်က အတက်နိုင်ဆုံး ကူညီပါဝင်ဆောင်ရွက်ပေးမှာဖြစ်ပါတယ် အကြီးစားရာဇဝတ်သားကို ဖမ်းတဲ့အမှုမာ"

"ဟုတ်ပါပီဗျ ဂျပန်မှာ ရာဇဝတ်သားJames မှောင်ခိုလုပ်နေတယ်ဆိုတဲ့သတင်းကြားသိရပါတယ်"

"ဟုတ်ပါတယ် ကျွန်တော်တို့လည်း သတင်းရရှိထားပါတယ် တည်နေရာအတိအကျတော့ မသိသေးဘူး James Martin(ဂျိမ်းမာတင်)က ကမ္ဘာအနှံမာ ပျောက်ချက်အရမ်းကောင်းတယ်.......သူ့ရဲ့ရာဇဝတ်မှုတေက ကြီးလွန်းလို့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မာတင် ရာဇဝတ်မှုက အကြီးအကျယ်တေ ....."

"ဂျိမ်းမာတင် ဘယ်လောက်ပဲအင်အားကြီးကြီး တရားမဝင်ရာဇဝတ်သားကို မလွှတ်ထားသင့်တော့ဘူး ကျွန်တော်ဒီနေ့ပဲလိုက်မယ် ဂျပန်မှာရှိနေတဲ့ မှောင်ခိုနေရာတေ"

"...."

စူးရှတဲ့စစ်မှန်ခြင်းရဲ့အကြည့်တေက ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်....။
ဂျိမ်းမာတင်ဆိုသည့်ရာဇဝတ်သားကိုဖမ်းဖို့သူငါးနှစ်လောက်ရှာဖွေလာခဲ့ရလိမ့်သည် အချက်အလက်တေကို...။

ရူးခါနေအောင်ချစ်ရသူ(Completed)Where stories live. Discover now