Part-11

3.2K 156 0
                                    

💕ရူးခါနေအောင် ချစ်ရသူ💕

အပိုင်း၁၁

အချစ်တစ်ခုကို ဘယ်လို အဓိပ္ပာယ်သက်မှတ်လဲ သွင်မသိဘူး......။
သွင်သိတာ ဦးကိုအစားထိုးမရအောင် ချစ်မိသွားတာပါပဲ....။
ဒါဟာ ချစ်မိလို့အဆိပ်တစ်ခုဖြစ်မယ်ဆိုရင်တော့ သွင်ကျေကျေနပ်နပ်ကြီး သောက်သုံးမှာပါ......။
ဒါဟာအိပ်မက်တစ်ခုဆိုရင် မနှိုးချင်တော့ဘူး......။
ရူးမိုက်တယ်ပဲပြောပြော ဒါဟာ ပျော်ရွှင်မှုတစ်ခုပဲ......။
ဘဝမှာ ရူးခါနေအောင်ချစ်ဖူးတာဆိုလို့ ဦးတစ်ယောက်ပဲရှိဖူးတာ.......။

"ကိုယ်ရှင်းရှင်းပဲပြောချင်တယ် အသွင်လေးကိုယ့်ရဲ့နှလုံးသားထဲဝင်လာဖို့ကြာကောင်းကြာနိုင်တယ်
ဖြစ်နိုင်ချင်မှလည်းဖြစ်နိုင်မယ် ဘာပြုလို့လဲဆိုတော့ ကိုယ်ဟာ မိန်းမတစ်ယောက်ရဲ့ သစ္စာဖောက်ခြင်းကိုခံခဲ့ရသူပါ"

"ကိုယ့်ဘဝထဲကို မင်းဝင်လာရင် မင်းနာကျင်ရမာ မကြောက်ဘူးလား ကလေးလေး ကိုယ်ဂရုမစိုက်ဘဲပြစ်ထားမှာ ကိုယ် ဥပက္ခာပြုထားမာတေ မကြောက်ဘူးလား"

"သွင်​ကြောက်တာဦးဆီက အချစ်တစ်ခုမရမှာကိုပဲ ဦးအတွက်အရမ်းခက်ခဲနေလားဟင် ဦးမမုန်းရင်တောင် သွင့်ကိုမအေးစက်ပါနဲ့ သွင်မခံစားနိုင်လို့ပါ"

"ကိုရဲ့ယုံကြည်မှုကိုအလွဲသုံးစားခံရရင်တောင် သွင်ပြောနိုင်တာတစ်ခုရှိတယ် သွင်ဘက်က ဦးကို လုံးဝ သစ္စာဖောက်မာမဟုတ်လို့ပဲ"

"အော် အသွင်လေးရယ်"

နှစ်ဦးသားစကားထပ်မဆိုတော့ဘဲ ကို့အတွေး သူ့အတွေးတေနဲ့ ငြိမ်သက်နေကြသည်။ ဦးအေးစက်တာက သစ္စာဖောက်ခံလိုက်လို့လား.......။
ဒါဆိုရင် သွင်နားလည်အောင်ကြိုးစားမယ်.....။
ဦးချစ်လာအောင် အရာရာကြိုးစားမာမို့........။

~~~~~~~~~~~~~~~~~~~
"မိုင် နင်လိုက်မာလား"

"အင်း ငါလိုက်ခဲ့မယ်"

"ဟေ ငါနားကြားမှားတာလား"

မွန်သဲက ဝင်ပြောသည်။

မှန်သည်။မိုင်ရဲ့အချိန်တော်တော်များများက အလုပ် အလုပ်နှင့်ပြည့်နေသည်။
Uniကျောင်းသားကိုလုံးဝမခံစားဖူးတာအသေအချာပါ....။
ဦးကပြောတယ် University lifeဆိုတာ ခံစားရတယ်တဲ့ နောက်ကျလွမ်းရလိမ့်မယ်တဲ့......။
အလုပ်ပဲလုပ်မနေနဲ့တဲ့ ကိုယ့်တာဝန်ထားတဲ့.......။

ရူးခါနေအောင်ချစ်ရသူ(Completed)Where stories live. Discover now