Ep 1 (Z+Uni)

1K 45 9
                                    

ကျောင်းဝန်းထဲက ပန်းခြံထဲသို့ လျှောက်လာသောခြေလှမ်းတို့က အသက်မပါသလိုနှင့်......စောင့်ရတဲ့အလုပ်ကို စိတ်မရှည်လွန်းလို့ ရည်းစားနှင့်ချိန်းတွေ့ပြီဆို သူကပဲ နောက်ကျမှ ရောက်လာတက်သူ.......သူကသာ ပျက်ကွက်တက်ပြီး သူများရောက်မလာရင်ဖြင့် အဲ့ဒီမိန်းခလေးကို ဖြတ်ပစ်တာလည်း သူပါပဲ။
ကိုယ့်အရင် ကြိုရောက်နှင့်သော Nadiကို မြင်နေရပေမဲ့ ခြေလှမ်းတို့က သွက်မလာပဲ အပြုံးမဲ့မဲ့နဲ့ပဲ ဆက်လျှောက်လာသည်

• "ချိန်းထားတဲ့အချိန်ထက် နာရီဝက်တောင် နောက်ကျနေပြီ ဘယ်လိုအပြစ်ပေးရမလဲ"

သူ ပြုံးလိုက်ပြီး

• "Nadiက ဘယ်လိုအပြစ်ပေးချင်လို့လဲ"

• "Nadiက အပြစ်မပေးပါဘူး Tayရယ်....Tayပေးလာမဲ့ အပြစ်ကိုသာ ကြောက်လို့် ကြိုရောက်နေတာ....အရင်ရည်းစားတွေတုန်းက ချိန်းထားတဲ့အချိန်ထက်နောက်ကျရင် Tayက အဆက်ဖြတ်ပစ်တယ်ကြားလို့လေ"

• "ကိုယ့်အကြောင်းစုံစမ်းထားပုံပဲ"

• "စုံစမ်းတယ်လို့မဟုပါဘူး....
.ပြောချင်တဲ့သူတွေကိုက သတိပေးသလို လာပြောနေကြတာဆိုတော့"

Tay....တစ်ချက်ပြုံးပြလိုက်တယ်
• "Tay....Nadiက နံပါတ်ဘယ်လောက်လဲ"

• "ရည်းစားတွေကို နံပါတ်စဉ်တွက်ပြီး မထားခဲ့ဘူး...မှတ်ဖို့လည်းစိတ်မဝင်စားဘူး🙂"

• "ဟုပါပြီ...Tayဘယ်လောက်ပဲ ရည်းစားများခဲ့ များခဲ့ Nadiခွင့်လွှတ်နိုင်ပါတယ်...ဒါပေမဲ့..."

• "ဒါပေမဲ့ ဘာဖြစ်လဲ"

• "Nadi....Tayရဲ့နောက်ဆုံးဖြစ်သူဖြစ်ချင်တယ်"
Tay ဘောင်းဘီအိတ်ထဲ လက်နှိုက်ရင်း...ခေါင်းကိုမော့၍ ရယ်လေသည်...

နောက်ဆုံးချစ်သူဆိုတာTayအတွက်တော့သူ့ဘဝတစ်ခုလုံးပုံအပ်လိုက်ရပြီး နောက်ထပ်ဆိုတာတွေမရှိလာအောင် အပိုင်တုတ်နှောင်လိုက်ခြင်းဖြစ်သည်

• "Tayဘာရယ်တာလဲ...Nadiပြောတဲ့ထဲ ရယ်စရာပါလို့လား"

• "မပါ ပါဘူး"

• "ဒါဆို Nadiမေးတာကို ဖြေလေ Tay"

• "ငါဖြေလိုက်ရင် မင်းနဲ့ငါ ဒီနေရာမှာတင် အဆုံးသတ်သွားလိမ့်မယ် Nadi"

မင်းနဲ့မှ...💙Where stories live. Discover now